သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cyprus ဘဏ်အပ်ငွေ အတိုးကောက်မှု ကမ္ဘာ့စတော့ ဂယက်ရိုက်


ငွေကြေးဒုက္ခရောက်နေတဲ့ Cyprus နိုင်ငံတွင်းမှာ ဘဏ္ဍာရေး အခက်အခဲ ဖြေရှင်းမှု အစိတ်အပိုင်းတရပ်အနေနဲ့ လူတိုင်း ဘဏ်အပ်ငွေ ထည့်သွင်းရာမှာ အခွန် ကောက်ခံ မယ်ဆိုတဲ့ကိစ္စကြောင့် Cyprus ပြည်သူတွေ ဒေါသဖြစ်နေကြပါတယ်။

Cyprus နိုင်ငံ ငွေကြေးဒေဝါလီခံတာကို ရှောင်ရှားနိုင်ရေးအတွက်၊ အကူအညီ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ပေးဖို့ သဘောတူညီချက်ထဲမှာ၊ အဲ့ဒီအစီအစဉ်ကိုပါ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တို့က ထည့်သွင်း ထားကြတာပါ။

ယူရိုဇုန်နဲ့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ အဲ့ဒီအစီအစဉ်အရဆိုရင်၊ ဒေါ်လာ ၁ သိန်း ၃ သောင်း ၁ ထောင်အထက် ငွေအပ်နှံရင် ၉ ဒဿမ ၉ ရာခိုင်နှုန်းအခွန်၊ ဒေါ်လာ ၁ သိန်း ၃ သောင်း ၁ ထောင်အောက်ဆိုရင် ၆ ဒဿမ ၇၅ ရာခိုင်နှုန်း အခွန်ကောက်ခံမှာ ဖြစ် ပါတယ်။

ဒါကြောင့် အခုဒီအစီအစဉ်ဟာ Cyprus ဘဏ်တွေမှာ ငွေအပ်နှံကြတဲ့ နိုင်ငံခြားသား အပါအဝင် ဘယ်သူ့ကိုမဆို သက်ရောက်မှု ရှိလာမှာဖြစ်ပါတယ်။ ဒီအဆိုပြုချက်ဟာ မမျှတပဲ အန္တရာယ်ကြီးတယ်ဆိုပြီး ရုရှား သမ္မတ ဗလာ ဒီမီယာ ပူတင် (Vladimir Putin) က ကန့်ကွက်ပါတယ်။

ရုရှားဘဏ်တွေနဲ့ ကော်ပိုရေးရှင်းကြီးတွေဟာ Cyprus ဘဏ်အကောင့်နဲ့ ဒေါ်လာ သန်းထောင်ချီ ရှိထားကြတာပါ။ Cyprus လွှတ်တော်ကတော့ ဒီအစီအစဉ်သစ်ကို အတည်မပြုရသေးပါဘူး။

အချေအတင်ဖြစ်နေတဲ့ ဒီကိစ္စကို လွှတ်တော်မှာ တနင်္ဂနွေနေ့တုန်းက မဲခွဲဖို့ကိုလည်း ရွှေ့ ဆိုင်းခဲ့တာပါ။ တချိန်တည်းမှာတော့ အခုလို Cyprus ငွေကြေး အကြပ်အတည်း ဖြစ်နေချိန် မှာ ကမ္ဘာအဝှမ်း စတော့ဈေးကွက်တွေမှာ စတော့ဈေးတွေ ထိုးကျနေပါတယ်။
XS
SM
MD
LG