သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရိုငွေကြေး ဆိုက်ပရပ်စ် စွန့်လွှတ်မည်မဟုတ်


ဆိုက်ပရပ်စ်သမ္မတ Nicos Anastasiades အား အလုပ်သမားသမဂ္ဂအစည်းအဝေးမှာ တွေ့ရစဉ်။ (မတ်လ ၂၉၊ ၂၀၁၃)
ဆိုက်ပရပ်စ်သမ္မတ Nicos Anastasiades အား အလုပ်သမားသမဂ္ဂအစည်းအဝေးမှာ တွေ့ရစဉ်။ (မတ်လ ၂၉၊ ၂၀၁၃)
ဆိုက်ပရပ်စ်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂထဲက ယူရိုငွေကြေးအသုံးပြုတဲ့ အဖွဲ့ဝင် ၁၇ နိုင်ငံအဖဲွဲ့ထဲကနေ ထွက်မှာမဟုတ်ဘူးလို့ ဆိုက်ပရပ်စ်သမ္မတက ပြောကြားလိုက်ပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံအနေနဲ့ ယူရိုငွေကြေးသုံးစွဲတဲ့ ဇုန်ထဲကနေ ထွက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ မြို့တော် နီကိုးရှားမှာ သောကြာနေ့က ပြုလုပ်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးအတွင်း သမ္မတ Nicos Anastasiades က ပြောလိုက်တာပါ။ ဒါပေမဲ့ အကြွေးတွေတင်နေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည် ထိန်းသိမ်းနိုင်ဖို့အတွက် စွန့်လွှတ် အနစ်နာခံမှုတွေတော့ လုပ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းမှာတုန်းကတော့ ဆိုက်ပရပ်စ် ဗဟိုဘဏ်က ပြည်တွင်းမှာ အသုံးပြုနေတဲ့ အကြွေး ဝယ်ကဒ်တွေ နဲ့ ငွေထုတ်ယူနိုင်တဲ့ ဘဏ်ကဒ်တွေအပေါ်မှာ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ အကုန်လုံးကို ပယ်ဖျက်ပေးခဲ့ပါတယ်။

ဆိုက်ပရပ်စ်အစိုးရက အိမ်နီးချင်းဥရောပနိုင်ငံတွေ၊ ဥရောပဗဟိုဘဏ်နဲ့ နိုင်ငံ တကာငွေကြေး ရန်ပုံငွေ အဖွဲ့ဆီကနေ အရေးပေါ်ချေးငွေ ၁၃ ဘီလီယံ ချေးယူဖို့ ညှိနှိုင်းနေတဲ့တချိန်တည်းမှာပဲ ကြာသပတေးနေ့တုန်းကတော့ ဆိုက်ပရပ်စ်ဘဏ်တွေဟာ နှစ်ပတ်နီးပါးအတွင်း ပထမဆုံး အကြိမ် ပြန်ဖွင့်ခဲ့ပါတယ်။
XS
SM
MD
LG