သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ဒလိုင်လားမား စိုးရိမ်


နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား။
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား။
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ခဲ့တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောလိုက်ပါတယ်။ ဘုန်းတော်ကြီးဒလိုင်းလားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆီ ရေးသားပေးပို့ခဲ့တဲ့ စာတစောင်ထဲမှာ အဲဒီလို ဖော်ပြထားတဲ့အကြောင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ကလာတဲ့ သတင်း တပုဒ်ထဲမှာ ရေးထားတာပါ။

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အလွန်အမင်း စိတ်မကောင်းဖြစ်ရပြီး အထူး စိုးရိမ်နေဆဲ ရှိတဲ့အကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက စာထဲမှာရေးထားတယ်လို့ သတင်းက ဆိုပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနဲ့တွေ့ဆုံဖို့အတွက် သူ့ရဲ့ကိုယ်စားလှယ် တမ်မ်ပါ ဆာရင်း (Tempa Tsering) ကို ဘုန်းတော်ကြီး ဒလိုင်းလားမားက ညွှန်ကြားထားပြီး တွေ့ဆုံဖို့အတွက် သံရုံးဘက်က မစီစဉ်ရသေးဘူးလို့ သတင်းမှာ ရေးထားပါတယ်။
XS
SM
MD
LG