သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒမတ်စကပ် နဲ့ ဟုမ်းမှာ IS တွေ ဗုံးခွဲ


Homs မြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းက ဗုံးပေါက်ကွဲ ၂ ဖြစ်ခဲ့
Homs မြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းက ဗုံးပေါက်ကွဲ ၂ ဖြစ်ခဲ့

ဆီးရီးယားနိုင်ငံအတွင်း ၅ နှစ်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် ရုရှားနိုင်ငံနဲ့ ယာယီသဘောတူညီချက် ရရှိလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါပေမယ့် တိုင်းပြည်တဝှမ်း အကြမ်းဖက်မှုတွေကတော့ ရပ်တန့်မသွားသေးဘဲ IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ရဲ့ သီးခြား တိုက်ခိုက်မှု ၂ ခုကြောင့် လူအတော်များများ သေဆုံးခဲ့ရပါတယ်။

Homs မြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းက ဗုံးပေါက်ကွဲ ၂ ခုဖြစ်သွားခဲ့တဲ့အတွက် လူ ၆၀ လောက်အထိ သေဆုံးသွားနိုင်တယ်လို့ အစောပိုင်း ခန့်မှန်းချက်တွေမှာ ဖော်ပြထားပြီး Damascus မြို့တောင်ပိုင်း Sayeda Zeinab အရပ်မှာ တနင်္ဂနွေနေ့မှာပဲ ဖြစ်သွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် အနဲဆုံး လူ ၅၀ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလနှောင်းပိုင်းတုန်းကလည်း အဲဒီ အရပ်မှာရှိတဲ့ ရှီယား ဘုရားကျောင်းအနီးမှာ ပေါက်ကွဲမှုတခု ဖြစ်သွားခဲ့တဲ့အတွက် လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတာပါ။

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ သူပုန်အဖွဲ့တွေအကြားက တိုက်ခိုက်မှုတွေ နာရီပိုင်းအတွင်း ရပ်တန့်တော့မယ်လို့ ဝန်ကြီးကယ်ရီက တနင်္ဂနွေနေ့မှာ ပြောဆိုအပြီးမှာ အခုနောက်ဆုံး ပေါက်ကွဲမှုတွေ ဖြစ်သွားခဲ့တာပါ။

ဝန်ကြီးကယ်ရီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောပြီး ဆီးရီးယားနိုင်ငံအတွင်းက တင်းမာမှုတွေ လျော့ချရေးအတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သဘောမျိုး ရုရှားနိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ပဏာမသဘောတူညီချက် သဘောတူညီချက်နဲ့ပတ်သက်လို့ ၂ ဖက်ကစလုံးက သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

XS
SM
MD
LG