သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-လက်ထောက်ဝန်ကြီး သမ္မတ၊ ဒေါ်စု၊ ကာချုပ် တို့နဲ့ တွေ့ဆုံ


ကန်-လက်ထောက်ဝန်ကြီး ကာချုပ်နဲ့တွေ့ဆုံ။ နိုဝင်ဘာ ၂၄၊ ၂၀၁၅။
ကန်-လက်ထောက်ဝန်ကြီး ကာချုပ်နဲ့တွေ့ဆုံ။ နိုဝင်ဘာ ၂၄၊ ၂၀၁၅။

မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဒီကနေ့ နေပြည်တော်မှာ သမ္မတဦသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့တွေ့။
သမ္မတဦးသိန်းစိန်နဲ့တွေ့။

သမ္မတဦးသိန်းစိန် အပါအဝင် အစိုးရထိပ်ပိုင်း တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံပြီး ပြည်သူ လူထု ရဲ့ဆန္ဒကို ဖော်ထုတ်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပပေးနိုင်ခဲ့တဲ့ အတွက် ချီးကျူးဂုဏ်ပြုစကားပြောတဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံး တာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။

ရွေးကောက်ပွဲဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ပေမဲ့ အမျိုးသား ရင်ကြားစေ့ရေး အပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာထောက်ထားရမယ့်ကိစ္စရပ်တွေလို စိန်ခေါ်မှုတွေကို ဆက်ပြီးကိုင်တွယ်သွားဖို့ ကျန် နေသေးတယ်ဆိုတာ သမ္မတအပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်အတွင်း မစ္စတာရပ်ဆဲလ်က မီးမောင်းထိုးပြခဲ့ပါတယ်။

နိုင်ငံရေးခေါင်းဆောင် အားလုံးအနေနဲ့ မြန်မာပြည်သူတွေအတွက် အလုပ်လုပ် သွားကြဖို့၊ ပြုပြင်ပြောင်းလဲရေးတွေဖော်ဆောင်တဲ့နေရာမှာ အမေရိကန်ပြည်သူတွေ နဲ့ အမေရိကန်အစိုးရက မိတ်ဖက်အဖြစ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။

Daniel Russelနဲ့ ဒေါ်စု တွေ့ဆုံ။
Daniel Russelနဲ့ ဒေါ်စု တွေ့ဆုံ။

ဒါ့အပြင် ဒီကနေ့ညနေ ၄ နာရီမှာတော့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ ကော်မတီဆောင် I-12 တွင် မစ္စတာရပ်ဆဲလ်က သွားရောက်တွေ့ဆုံပြီး၊ရွေးကောက်ပွဲအနိုင်ရရှိမှုအပေါ်မှာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရပ်ဆဲလ်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ဒီကနေ့ နေလည်ပိုင်း က တွေ့ဆုံခဲ့ပြီး၊ ရွေးကောက်ပွဲလွန်ကာလ ၂ နိုင်ငံကြား ဆက်ဆံရေးကို ရင်းနှီးပွင့်လင်းစွာဆက်ဆံခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာဖော်ပြထားပါတယ်။

၈၈ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ။
၈၈ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ။

တနင်္လာနေ့တုန်းကတော့ မစ္စတာရပ်ဆဲလ်ဟာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲ ကိစ္စရပ်တွေ ၊ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ တယ်လို့ လည်း အစောပိုင်းက သတင်းထုတ်ပြန်ထားပါသေးတယ်။

လက်ရှိစိန်ခေါ်မှုတွေကို အသစ်တက်လာမယ့် အစိုးရချည်းပဲ ရင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့ အတွက် ၈၈ မျိုးဆက်နဲ့ တခြား အဖွဲ့အစည်းတွေ ဟာ နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော် တာမှာ အရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ဆက်ပြီး ပူးပေါင်းပါဝင် သွားကြဖို့ လိုတဲ့အကြောင်း မစ္စတာရပ်ဆဲလ်က ၈၈ မျိုးဆက်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံချိန် မှာ ပြော သွားပါတယ်။ မြန်မာ့အသွင် ကူးပြောင်းရေးမှာ အမေရိကန်က ဆက်ပြီး အားပေးကူညီသွားမယ်လို့လည်း ကတိပေးခဲ့တဲ့အကြောင်း သံရုံးရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ဟာ ရန်ကုန်မြို့က သုခစည်းစိမ် လက်ဖက်ရည်ဆိုင်မှာ မနေ့က သွားထိုင်ပါတယ်။

လက်ဘက်ရည်ဆိုင်ထိုင်။
လက်ဘက်ရည်ဆိုင်ထိုင်။

အဲ့ဒီမှာ လက်ရှိ အစိုးရအနေနဲ့ အစိုးရသစ်ကို အေးချမ်းစွာ အာဏာ လွှဲပေးဖို့ မျှော်လင့်ကြောင်းနဲ့ အစိုးရသစ် လက်ထက်မှာ အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်ခိုင်မာအောင် လုပ်ဖို့မျှော်လင့်ကြောင်း လက်ဖက်ရည်ဆိုင်မှာ လာရောက် စားသောက် သူတွေက လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ကို သဘောထားပေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးရဲ့ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG