သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေးအခွင့်အလမ်း ဆုပ်ကိုင်ဖို့ ဒေါ်စုတိုက်တွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ညီလာခံတွင်း မိန့်ခွန်းပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ညီလာခံတွင်း မိန့်ခွန်းပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးကို လက်မလွှတ်ကြဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံနောက်ဆုံးနေ့မှာ ပါတီဝင်တွေကို ပြောကြားခဲ့ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဆက်ပြီးသွားရမယ့်ခရီးလမ်းက ခက်ခဲပါလိမ့်မယ်။ အရင်တုန်းက အခက်အခဲမျိုး မဟုတ်ဘဲနဲ့ မတူတဲ့အခက်အခဲတွေ ဆိုပေမဲ့ ပိုပြီးတော့ လွယ်ကူမှာတော့မဟုတ်ပါဘူး။ ပိုပြီးတော့အမျိုးအစားသာ မတူမှာ။ အခက်အခဲရဲ့ လေးနက်မှု အဆင့်ကတော့ တူရုံတင်မကဘူး၊ ပိုပြီးတော့မှ မြင့်ဦးမယ်လို့ ကျမထင်ပါတယ်။ ဒီနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ ကျမတို့ရနေတဲ့ အခွင့်အရေးကို မလွတ်တမ်း ကျမတို့ ကိုင်သွားဖို့လိုပါတယ်။ ဒီအခွင့်အရေးကို ကျမတို့ လွတ်သွားတယ်ဆိုလို့ရှိရင် ကျမတို့ဟာ သမိုင်းတရားခံတွေ ဖြစ်သွားပါလိမ့်မယ်။”

နိုင်ငံတဝှမ်းက ပါတီဝင်ပေါင်း ၁ ထောင်နီးပါး တက်ရောက်ကြတဲ့ NLD ပါတီ ညီလာခံနောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခဲ့ကြ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေကို အဆင့်ဆင့် ရွေးချယ်ခဲ့တာမှာလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ယောက်၊ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ငါးယောက်ကို ရွေးချယ် တာဝန်ပေးခဲ့ကြပါတယ်။ ဦးတင်ဦးနဲ့ ဦးဝင်တင် အပါအဝင် သဘာပတိအဖွဲ့ဝင် ၈ ယောက်ကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် NLD ပါတီကို ခိုင်မာအောင် ဆောင်ရွက်တယ်လို့မြင်နိုင်တဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီဗဟိုညီလာခံမှာ ခုလို ရာထူးတာဝန်တွေကို ပြန်လည် ရွေးချယ်ပေး အပ်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG