သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုတိုတက္ကသိုလ်မှာ ဒေါ်စု မိန့်ခွန်းပြောမည်


ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိုတို တက္ကသိုလ်မှာ ဒီကနေ့ တနင်္လာနေ့မှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ 1985 ခုနှစ်ကနေ 1986 ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ဧည့်ပညာရှင်အဖြစ် နေထိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ Kyoto မြို့ကို တနင်္ဂနွေနေ့ထဲက ရောက်ရှိနေတာဖြစ်ပါတယ်။

Tokyo မြို့တော်ကနေKyoto မြို့ကို ရထားနဲ့ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘူတာရုံမှာ သူ့ကိုလာရောက်ကြိုဆိုသူတွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေကပါ သြဘာပေး နှုတ်ဆက်ကြတယ်လို့ ဂျပန်သတင်းတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူပညာလေ့လာခဲ့တဲ့ ကျိုတို တက္ကသိုလ်အပြင် ယုကိုးကု တက္ကသိုလ်မှာလဲ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

တနင်္လာနေ့ အစောပိုင်းမှာတော့Kyoto မြို့မှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့NLD ကသတင်းထုတ်ပြန်ထားပါတယ်။ တနင်္ဂနွေနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Katsuragawa မြစ်ကရေအားနဲ့ လျှပ်စစ်ဓါတ်အားထုတ်တဲ့ အသေးစားရေအားလျှပ်စစ်စက်ရုံတခုကို သွားရောက်လေ့လာခဲ့ပါတယ်။

အင်္ဂါနေ့ကျရင်တော့ Tokyo မြို့မှာ ဂျပန် Diet လွှတ်တော်ကို သွားရောက်လေ့လာဖို့ရှိပြီး၊ အထက်လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံဖို့ရှိပါတယ်၊ April လ ၁၉ ရက်နေ့အထိဂျပန်နိုင်ငံမှာ နေထိုင်မဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba၊ ဝန်ကြီးချုပ် Shinzo Abe တို့နဲ့လဲတွေ့ဆုံဖို့ရှိပါတယ်။
XS
SM
MD
LG