သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအတွက် ဂုဏ်ထူးဆောင်ဒီမိုကရေစီဆု


Supporters of India's main opposition wave at their candidate, Narendra Modi, as he arrives to file his election nomination papers in Varanasi.
Supporters of India's main opposition wave at their candidate, Narendra Modi, as he arrives to file his election nomination papers in Varanasi.
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်အတွက် Ion Ratiu ဂုဏ်ထူးဆောင် ဒီမိုကရေစီ ဆုချီးမြှင့်လိုက်တယ်လို့ အမေရိကန်အခြေစိုက် Wilson သုတေသနအဖွဲ့က ကြေညာလိုက်ပါတယ် ။ လာမယ့်လထဲမှာ ချီးမြှင့်မယ့် ဒီဆုပေးပွဲ အကြောင်း ပြည့်ပြည့်စုံစုံ သိရအောင် ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြပေးထားပါတယ်။

“The Ion Ratiu Democracy Award” ဆိုတဲ့ ဒီမိုကရေစီဂုဏ်ပြုဆုကို ကမ္ဘာတလွှား ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှု သမိုင်းမှာ ထူးခြားပြောင်မြောက်တဲ့ စိတ်ကူူးဉာဏ်ရည်၊ ကြံ့ကြံ့ခိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့သူတွေရဲ့ လက်ရုံးရည်၊ နှလုံးရည်တွေကို အသိအမှတ်ပြု ချီးမြှင့်လေ့ ရှိပါတယ်။ Romania နိုင်ငံရေးသမား Ratiu ရဲ့ အမည်ကို ရည်ညွှန်းထားတဲ့ ဒီဆုကိုလာမယ့် လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ဖို့ အမေရိကန်အခြေစိုက် Wilson မူဝါဒရေးရာ သုတေသန အဖွဲ့ရဲ့ နိုင်ငံတကာအမျိုးသမီး ခေါင်းဆောင်များအဖွဲ့ GWLI က စီစဉ်ဆောင်ရွက်နေပါတယ်။ ခါတိုင်းနဲ့ မတူပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အခုချီးမြှင့်မယ့်ဆုက သမိုင်းဝင် ဂုဏ်ပြုဆုဖြစ်တယ်လို့ GWLI ညွှန်ကြားရေးမှူး Rangita de Silva de Alwis က VOA ကို ပြောပါတယ်။

“ဒီဆုဟာ နိုင်ငံနဲ့လူမျိုးအတွက် ဒီမိုကရေစီရေး ကြိုးပမ်းမှုကို နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ၊ ပင်ပမ်းစွာ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် သူ့နိုင်ငံ၊ သူ့လူထုရှေ့မှာ ချီးမြှင့်ပေးအပ်မှာမို့ Ratiu Democracy ဆုသမိုင်းမှာ အင်မတန်ကို ထူးခြားပါတယ်။ နောက်တချက်က သူအင်မတန် လေးစားမြတ်နိုးတဲ့ အမျိုးသမီးလွတ်လပ်မှု အခွင့်အရေးအတွက်လည်း သူ့နိုင်ငံက အမျိုးသမီးထုရှေ့မှာ ဒီဆုကို ပေးအပ်မှာပါ။”

ဒီမိုကရေစီရေးကြိုးပမ်းမှုခရီးလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အာဏာပိုင်တွေကိုရော ဆုချီးမြှင့်ထိုက်တယ် လို့ မထင်ဘူးလား၊ ဥပမာ အသားရောင် ခွဲခြားရေးပြဿနာ အဆုံးသတ်နိုင်ဖို့အတွက် အရေးပါသူ တဦးဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်း De Klerk ဟာလဲ နယ်လ်ဆင်မန်ဒဲလားရဲ့ဒီမိုကရေစီတိုက်ပွဲမှာ အရေးပါသူတဦးအဖြစ် ကမ္ဘာ့သမိုင်းလေ့လာသူတချို့က ယူဆကြတယ်မဟုတ်လားလို့ မေးတဲ့အခါ သူ့အမြင်ကို ပြန်ရှင်းပြပါတယ်။

“ကျမအထင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှ နိူင်းယှဉ်လို့မရအောင် ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သူပါ။”

ဟုတ်ပါပြီ။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေစတင်နေတဲ့ လက်ရှိမြန်မာသမ္မတရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဘယ်လိုနှိုင်းယှဉ် သုံးသပ်ပါလဲဆိုတဲ့မေးခွန်းကိုတော့ သူကခုလိုပြောပြပါတယ်။

“ဟုတ်ကဲ့။ ဒီနေရာမှာ အရေးကြီးတာက သမ္မတက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်တိုက်ပွဲဝင်ရတဲ့ လုပ်ငန်းမျိုး၊ ဖြည့်စည်းပြီးဆောင်ရွက်ပေးရတဲ့ လုပ်ငန်းမျိုးကို၊ ပိုပြီးဆောင်ရွက်ရတာလို့ ထင်ပါတယ်။ မြန်မာဒီမိုကရေစီရေးအတွက် ဆယ်စုနှစ် ၂ခုကြာ နေအိမ်အကျယ်ချုပ်ချထားတဲ့ ကြားက ဒေါ်အောင်ဆန်းစုကြည်က ရုန်းကန်ကြိုးစားခဲ့တာပါ။”

လတ်တလော မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေအပေါ်သူ့အမြင်ကို မေးတဲ့ အခါမှာတော့ ဒီမိုကရေစီအတွက်ပထမလှမ်းရမဲ့ ခြေလှမ်းကို မြန်မာနိုင်ငံက လှမ်းလိုက်ပါပြီ။ လမ်းကြောင်းမှန်ပေါ်ကိုလဲရောက်နေပါပြီ။ ဒါပေမဲ့ ရှေ့ဆက်လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လို့ မှတ်ချက်ပေးပါတယ်။ ဒါဖြင့် အဲဒီအများကြီးထဲက ဘယ်အချက်ကို အရေးအကြီးဆုံးအနေနဲ့ စလုပ်သင့်တယ်ထင်ပါလဲလို့ဆိုတော့ သူကအခုလိုဖြေပါတယ်။

“ ကျမအမြင်တော့ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်တဲ့အခါမှာ တရားဥပဒေစိုးမိုးရေးက အရေးကြီးသလို အဲ့ဒီ့အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေး အလုပ်တွေက အမျိုးသမီးတွေက အဓိက အခန်းကဏ္ဍပါဝင်ဖို့ လိုပါတယ်။”

နိုင်ငံတကာအမျိုးသမီးခေါင်းဆောင်များအဖွဲ့ GWLI ကွန်ယက်ဟာ ၂၀၁၁ ခုနှစ်ကစလို့ Wilson မူဝါဒသုတေသနလုပ်ငန်းနဲ့ အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဦးဆောင်တဲ့ အမျိုးသမီးပြည်သူ့ဝန်ထမ်းလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ကြတဲ့ အခြေခံ လုပ်ငန်းအဖွဲ့ လည်းဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုမယ့် The Ion Ratiu Democracy Award ဆုကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ Wilson မူဝါဒရေးရာ သုတေသနအဖွဲ့ ရဲ့ညွှန်ကြားရေးမှူး Jane Harman က ပေးအပ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG