သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘက်ခမ်း ဘောလုံးကွင်းကို မျက်ရည်နဲ့စွန့်ခွာ


ကစားသမားဘဝကနေ အနားယူသွားတဲ့ အင်္ဂလန် ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း။
ကစားသမားဘဝကနေ အနားယူသွားတဲ့ အင်္ဂလန် ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း။
အင်္ဂလန်က နံမည်ကျော်ကစားသမား ဒေးဗစ်ဘက်ခမ်း (David Beckham) ဟာ သူ့ရဲ့ ကြေးစားဘောလုံးသမားဘ၀ နောက်ဆုံးပွဲကို မနေ့ စနေနေ့က ကစားခဲ့ပြီး၊ ဘောလုံးကစားတာကနေ လုံး၀ အနားယူလိုက်ပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီ (PSG) နဲ့ ဘရက်စ် (Brest) အသင်းနဲ့ ကစားတဲ့ပွဲ ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားသက်တမ်း နှစ် ၂၀ အတွင်း နောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်ပါတယ်။

ဒီပွဲမှာ ဒေးဗစ်ဘက်ခမ်းက အသင်းခေါင်းဆောင်အဖြစ်နဲ့ ကစားခဲ့ပါတယ်။ ၈၁ မိနစ်မှာ သူ့ကို လူစားလဲလိုက်တဲ့အချိန်မှာ ဒီပွဲကိုလာကြည့်ကြတဲ့ ပရိသတ်တွေက ဒေးဗစ်ဘက်ခမ်းကို မတ်တပ်ရပ်ပြီးတော့ ဂုဏ်ပြုသြဘာပေးခဲ့ကြပါတယ်။ ပွဲအပြီးမှာတော့ ဒေးဗစ်ဘက်ခမ်းဟာ ဝမ်းနည်းပြီးတော့ ငိုကြွေးခဲ့ပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့အသင်းဖော်တွေ က ဒေးဗစ်ဘက်ခမ်းကို လေပေါ်မှာ မြှောက်ပြီးတော့ ဂုဏ်ပြုခဲ့ကြပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ PSG အသင်းနဲ့ ၅ လ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး၊ PSG အသင်း နဲ့ ပြင်သစ်အမှတ်ပေးချန်ပီယံဆုကို အခုနှစ်ဘောလုံးရာသီမှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တချို့ပရိဿတ်တွေက သူ့ကို နောက်ထပ်ဘောလုံးရာသီတရာသီ ကစားဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီပွဲကို သူ့ရဲ့ ဇနီးဖြစ်တဲ့ Victoria Beckham နဲ့ ပြင်သစ်သမ္မတဟောင်း နီကိုလာ ဆာကိုဇီ (Nicolas Sarkozy) တို့လည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။
XS
SM
MD
LG