သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရော့ခ်စတား David Bowie ကွယ်လွန်


ဗြိတိသျှ Rock ဂီတသမိုင်းမှာ နာမည်တွင်တဲ့ အဆိုတော် David Bowie
ဗြိတိသျှ Rock ဂီတသမိုင်းမှာ နာမည်တွင်တဲ့ အဆိုတော် David Bowie

ဗြိတိသျှ Rock ဂီတသမိုင်းမှာ နာမည်တွင်တဲ့ အဆိုတော်ကြီး David Bowie အသက် ၆၉ နှစ်အရွယ်မှာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပါပြီ။

David Bowie ဟာ တနှစ်ခွဲကြာ ကင်ဆာဝေဒနာခံစားခဲ့ရပြီးနောက် မိသားစုဝင်တွေ အလယ်မှာ ညင်ညင်သာသာပဲ အသက်ဆုံးပါးသွားတယ်လို့သူ့ ရဲ့လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ Facebook နဲ့ Twitter တို့မှာ ဖော်ပြထားပါတယ်။ သူ့ရဲ့နောက်ဆုံး ၂၅ ချပ်မြောက် တေးဓါတ်ပြား ဖြစ်တဲ့ Blackstar ကို သူအသက် ၆၉ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ သောကြာနေ့ သူ မ ကွယ်လွန်ခင် ၂ ရက် ကပဲ ဖြန့်ချီခဲ့တာပါ၊

သူ့ရဲ့ မ လိုလို ၊ ကျား လိုလို ဝတ်စားဆင်ယင်ပုံ၊ ပြီးတော့ ဂီတအမျိုးအစားတခုတည်းမှာ တွယ်ကပ်မနေပဲ Glam Rock, Hard Rock, Dance, Pop, Soul နဲ့ Punk စတဲ့ ဂီတ အမျိုးအစားပေါင်းစုံကို ခံစားပြီး ဖန်တီးခဲ့တာပါ။ ဂီတဇာတ်မြူး Lazarus ဆိုတဲ့ ပြဇာတ်ကို ရေးသားခဲ့တဲ့အတွက် မတ်လကျရင် ကာနီဂီ က ခန်းမကြီးမှာ ကျင်းပမယ့် ပွဲတခုမှာ သူ့ကိုဂုဏ်ပြုဖို့ စီစဉ်ထားတာဖြစ်ပါတယ်၊ ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ကိုယ်ဟန်ပြမယ် Iman နဲ့ သားသမီး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။

XS
SM
MD
LG