သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်း စုကြည် ရောက်ချိန် လက်ပံတောင်းဆန္ဒပြပွဲ ဆက်ဖြစ်


ဒေါ်အောင်ဆန်းစုကြည်ကို ဆင်တဲရွာမှ ထွက်ခွာစဉ် ရွာသားတချို့မှ ဆန္ဒပြကြွေးကြော်နေစဉ်။ (မတ်လ ၁၄၊ ၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည်ကို ဆင်တဲရွာမှ ထွက်ခွာစဉ် ရွာသားတချို့မှ ဆန္ဒပြကြွေးကြော်နေစဉ်။ (မတ်လ ၁၄၊ ၂၀၁၃)
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာထွက်လာပြီးတဲ့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဒေသခံတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး တချို့ကျေးရွာတွေမှာ ဆန္ဒပြမှုတွေရှိခဲ့တဲ့ အကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

တုံရွာသပိတ်စခန်းကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းဖို့တောင်းဆိုနေတဲ့ သပိတ်စခန်းဖြစ်တာကြောင့် စီမံကိန်း လုပ်ဖို့ လာရောက်ဆွေးနွေးမှုတွေကို ညှိနှိုင်းမှု မရှိခဲ့ဘူးဆိုပြီး ဒေသခံတွေက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ စီမံကိန်း ဆက်လုပ်ရေးတွေအတွက် လှည့်လည်ပြောဆိုမှုတွေ လုပ်လာတဲ့ အခါမှာတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အဖြေကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

“ကြွေးကြော်သံများ”

တုံရွာကိုဝင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ လုံခြုံရေးအင်အားတွေ ပါလာတဲ့ အတွက်တော့ ဒေသခံတွေနဲ့လုံခြုံရေးတွေကြား တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် က စီမံကိန်း ဆက်လုပ်ဖို့ကိုပဲ ဆွေးနွေးမှုတွေရှိတာနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့ အရေးကိစ္စတွေကို လျစ်လျူရှုတွေ လုပ်တယ်ဆိုပြီး ဒေသခံတွေက သူမရဲ့ ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြောင်း အခုလိုပြောပါတယ်။

“ကျမတို့ ရွာ သဘောထားကတော့ အကုန်လုံးက မကျေနပ်ကြပါဘူး။ ကျမတို့ လူထု ကလည်း ဒေါ်အောင်ဆန်းစုကြည် မကြိုဆိုပါဘူး။ ရှုံ့ချပါတယ်။ ကျမတို့ တင်ပြတဲ့အပေါ်ကို သူက ဘာမှ တာဝန်မယူနိုင်ဘူးလို့ပြောသွားပါတယ်။”

လက်ပံတောင်းတော် ဆရာတော် ဦးအာလောက ကတော့ လွှတ်တော်ထဲက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့အသံကို နားထောင်ဖို့ လိုအပ်တယ်လို့ပြောဆိုလိုက်ပါတယ်။

“လက်ပံတောင်းကြေးနီစီမံကိန်းကတော့ ဒါအားလုံးပဲ လွှတ်တော်ကလည်းပဲပြောနေပါတယ်။ သမ္မတဦးသိန်းစိန်ကစပြီးတော့ ပြည်သူ့အသံနားထောင်ပ့ါမယ်။ ပြည်သူ့အသံ နားထောင်ပါ့မယ်ဆိုပြီးတော့ ဒီလိုအသံကောင်းဟစ်တာလား။ ပြည်သူ့အသံက ပြည်သူတွေက ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းစေချင်နေတာပါ။ အဲ့တာကို ဆက်လုပ်မယ်ဆိုပြီး ကော်မရှင်က ဆက်လုပ်သင့်ပါတယ်။ ဆက်လုပ်ပါ ဆိုတဲ့ ပြောကြားချက်က တကယ်တမ်းက သူတို့ပြောထားတဲ့ စကားရှိတယ်လေ။ ဘာလဲဆိုတော့ သူတို့က စုံစမ်းချက်တွေ၊ တွေ့ရှိတာတွေကို တင်ပြပါ့မယ်။ အဖြေထွက်လာတဲ့အချိန်ကျတော့ သူတို့က ဒါကြီးကို ထောက်ခံတယ်။ ဆက်လုပ်ပါ။ ဆက်လုပ်သင့်ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး အရကြောင့်လို့ ပြောထားတယ်ဗျ။

အစကပြောတဲ့အခါကျတော့ အခုလိုမဟုတ်ပဲနဲ့ အခုကျတော့ ဒီစကားတွေပြောတယ်။ ဦးတည်ထားတာက သူတို့ရဲ့ ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး ဆက်လုပ်ဖို့ တိုက်တွန်းထားတယ်။။ ပုဒ်မ ၁၄၄ထုတ်တဲ့ ဒေသတွေမှာ စောစောကပြောထားတယ်။ ဒါထုတ်ရမယ်။ ထုတ်သင့်တယ်လို့ ပြောထားတယ်။ ပုဒ်မ ၁၄၄ဆိုတာ ဒီနယ်မြေတွေမှာ ဆိုးသွမ်းသောင်းကျန်းပြီးတော့ တစ်ဦးနဲ့တစ်ဦး တဖက်နဲ့တဖက် တိုက်ခိုက်နေတာမဟုတ်ပါဘူး။ အဲ့တာကြောင့် ဦးဇင်းတို့က ပုဒ်မ ၁၄၄ကိုလည်း အမြန်ဆုံးရုပ်သိမ်းပေးပါလို့ ဦးဇင်းတို့ပြောချင်ပါတယ်။

နောက်တခုပြောချင်တာက လယ်တီဆရာတော်ဘုရာကြီးရဲ့ ဘုရားနဲ့ သိမ်တွေကို ဘုန်းကြီးရှိတာမှတ်လို့ ဒါပျက်သွားလည်း ဘာဖြစ်တာမှတ်လို့ ကန်ကုန်းမှာ သူပြောသွားတယ်လို့ ဦးဇင်းတို့ သိရတယ်။ အဲ့ဒီ့အချက်ကို ဦးဇင်းတို့က အင်မတန်မှ အဲ့တာကို ရှုံ့ချတယ်ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ ဘုရားနဲ့သိမ်ဆိုတာ သမုတ္တိသံဃာတွေ သမုတ်ထားတယ်။ တည်ထားတယ်ဆိုရင် ဒါလုံးဝ ဖျက်ကောင်းတဲ့အရာ၊ ဖျက်အပ်တဲ့အရာ မဟုတ်ပါဘူး။ ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ ဆွေးနွေးတဲ့ပုံစံမျိုးထက် စီမံကိန်းကို ဆက်လုပ်သင့်တယ် ဆိုတာမျိုးကို အသိပေးနေ တာမျိုးတွေဖြစ်နေတာကြောင့် ပြည်သူအများ က နှစ်သက်မူ မရှိကြဘူးလို့ဆိုပါတယ်။ ကော်မရှင်ရဲ့ ထုတ်ပေါ်လာတဲ့ အစီရင်ခံစာရဲ့ အဖြေကြောင့် စိတ်ထိခိုက်နေကြတဲ့ ဒေသခံပြည်သူတွေအတွက် မလာသင့်သေးတဲ့ ခရီးစဉ်အဖြစ် ဆရာတော်ဦးအာလောက မိန့်ပါတယ်။

“မုံရွာပြည်သူတွေက ငိုတဲ့သူကငို၊ တက်တဲ့သူက တက်၊ တချို့ မျောတဲ့သူက မျောသွားကြတယ်ဗျာ သူလာတဲ့အချိန်မှာ၊ ဝမ်းနည်းကြေကွဲမှုတွေ ဖြစ်ပြီးတော့ လူတွေကလည်း စိတ်တွေက အတော်လေး ကသိကအောက်ဖြစ်နေကြတဲ့အချိန် ဖြစ်တော့ မလာသင့်သေးဘူးလို့ ဦးဇင်းတို့ကမြင်တယ်ဗျာ။”

တုံရွာသပိတ်စခန်းမှာလည်းဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးချက်တွေကို လက်မခံသလို စီ်မံကိန်း ဆက်လုပ်ရေးတွေကိုသာ ဆွေးနွေးခဲ့တဲ့အတွက် တုံရွာထဲက စာသင်ကျောင်း မှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုဖို့ အတွက်ပြင်ဆင်ချက်တွေ ကို ပြည်သူတွေက ရပ်ဆိုင်းလိုက်ပြီး ဆန့်ကျင်ကန့်ကွက်မူတွေ ထပ်ဖြစ်ခဲ့ပါတယ်။

ဒီ့နောက် ဆယ်တဲ ရွာဟောင်းဘက်ကို ဆက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ့ဆယ်တဲဘက် မှာလည်း ဒေါ်အောင်ဆန်းစုကြည်နောက်ကပါလာတဲ့ လုံခြုံရေးတပ်ဖွဲဝင်တွေနဲ့ တင်းမာ မူတွေဖြစ်ခဲ့တယ် လို့ ဒေသခံတွေကဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတ်လ ၁၃ရက်နေ့ ကံကုန်းခရီးစဉ်ကတော့ စံပယ်တောင်စီမံကိန်း လုပ်ခဲ့တဲ့နေရာဖြစ်ပြီး အဲဒီ့ဒေသခံတွေနဲ့ ဆွေးနွေးမူ လုပ်ရာမှာ တင်းမာမူတွေမရှိခဲ့ဘူးလို့ ဆိုပါတယ်။ မတ်လ၁၄ရက်နေ့ခရီးစဉ်မှာတော့ စီမံကိန်းကို မလိုလားတဲ့ လက်ပံတောင်းဒေသခံတွေနဲ့ တွေဆုံပြီး ဆန်ကျင့်ကန်ကွက်တာကိုခံခဲ့ရတာပါ။

ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလေးထားယုံကြည်ထားခဲ့တဲ့ ပြည်သူလူထုတွေရဲ့ ဆန်ကျင်ကန့်ကွက်မူခရီးစဉ်ဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အနေနဲ့ နှစ်ပေါင်း၂၀ကျော်အတွင်းမှာ သူမနဲ့ပြည်သူလူထုကြား တင်းမာမူတွေစိန်ခေါ်မူတွေန့ ဲရင်ဆိုင်ရတဲ့ ပထမဦးဆုံး ခရီးစဉ်လည်း ဖြစ်တယ်လို့ဆိုရမှာပါ။
XS
SM
MD
LG