ဒေါ်အောင်ဆန်းစုကြည်ဟာ Hawaii Honolulu မှာ Rotary Global Peace Foundation အဖွဲ့ကြီးရဲ့ ငြိမ်းချမ်းရေးဆု ကို လက်ခံ ရယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို မပြန်ခင် အခု တောင်ကိုရီးယားနိုင်ငံ ကို ရောက်ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း သတင်းတွေကို VOA ပရိတ်သတ် အတွက် ပြောပြပေးနိုင်ဖို့ VOA မြန်မာပိုင်းသတင်းထောက် ဦးရော်နီငြိမ်း အခု တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ရောက်ရှိနေပါတယ်။ အခုအချိန်မှာ ဦးရော်နီညိမ်း ဘာတွေ စုံစမ်းသိရှိထားသလဲ ဆိုတာကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးရော်နီညိမ်း- အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အထူးပြင်ဆင်ထားတဲ့ ခမ်းမဆောင်ထဲကနေ ကျနော်တို့ အပြင်မှာ ကော်ဇောနီခင်းထားတဲ့ လမ်းပေါ်ကို ထွက်လာပါပြီခင်ဗျာ။
(အမေစု ကျမ်းမာပါစေ- လူထုကြွေးကြော်သံများ)
ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ သတင်းသမားတွေကို နေရာပေးထားတဲ့ နေရာကို ရောက်နေ ပါပြီ။ ကျနော့် နံဘေးမှာ ဆိုလို့ရှိရင်လည်း ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေး အတွက် ပြောရေးဆိုခွင့်ရှိတဲ့ ကိုရန်နိုင်ထွန်း ရှိနေပါပြီ။ ကိုရန်နိုင်ထွန်းခင်ဗျ။ အခုဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အပေါ်မှာ ကိုရန်နိုင်ထွန်းတို့ ပြင်ဆင်ထားမှု၊ အခြေအနေနဲ့ ပတ်သက်ပြီးတော့ မနက်ဖြန်၊ ဒီနေ့ကတော့ ဟိုတယ်မှာပဲပေါ့နော်။ ဒီဟာနဲ့ပတ်သက်လို့ ကိုရန်နိုင်ထွန်း ဘာပြောချင်လဲခင်ဗျ။
ကိုရန်နိုင်ထွန်း-ဟုတ်ကဲ့။ ဒီနေ့ညနေပိုင်းမှာတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ရှိတဲ့ The Westin Chosun ဟိုတယ်မှာ ဒီည တည်းမှာဖြစ်ပါတယ်။ မနက်ဖြန် မနက်ကျရင်တော့ လက်ရှိ ရွေးချယ်တင်မြှောက်ခြင်း ခံထားရတဲ့ သမ္မတ Park Geun-hye နဲ့ တွေ့ဆုံမှာဖြစ်ပြီး အဲ့ဒီ့ကနေ တဆင့် Pyeongchang အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။ Pyeongchang အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာ လက်ရှိသမ္မတကြီး Lee Myung-bak နဲ့ လည်း တွေ့ဆုံဖို့ ရှိပါတယ်ခင်ဗျ။ ဖျောင်းချမ်းညီလာခံမှာတော့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိန့်ခွန်း စကားတရပ်ကို ဒေါ်အောင်ဆန်းစုကြည်က အဓိကပြောဆိုတဲ့သူတစ်ဦး အနေနဲ့ ပြောဆိုမှာဖြစ် ပါတယ်။ အဲ့ဒီ့ပွဲပြီးသွားရင်တော့ ကိုရီးယားနိုင်ငံ ကင်ပိုလေဆိပ်ကို လာပြီးတော့ ကင်ပိုလေဆိပ် ကနေပြီးတော့ ဂွမ်ဂျူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၄ခုနှစ်က ဂွမ်ဂျူး လူ့အခွင့်အရေး ဆုပေးတဲ့ နေရာကိုသွားမှာဖြစ်ပါတယ်။ အဲ့ဒီ့နေရာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူးမြို့တော် သူ ဆုကို ယူပြီးတော့ ၂၀၀၄ခုနှစ်တုန်းက သူလက်ခံရရှိခဲ့တဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆု ကိုလည်း ပြန်လည် လက်ခံရယူမှာဖြစ်ပါတယ်ခင်ဗျ။
ဦးရော်နီညိမ်း- ဟုတ်ကဲ့။ ကိုရန်နိုင်ထွန်းခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူး ဂုဏ်ထူးဆောင် ဒီစလွယ်ကို လက်ခံရယူမှာဖြစ်သလို သူ့ကိုပေးအပ်မယ့် လူ့အခွင့်အရေးဆုကလည်း ကျနော်တို့ သိရှိထားသလောက် ဟိုတုန်းက သမ္မတ ချမ်ဒူးဝမ် လက်ထက်မှာ ကျောင်းသားတွေကို အင်အားသုံးနှိမ်နှင်းခဲ့တဲ့အပေါ်မှာ ဒါကို အထိမ်းအမှတ်ပြန်လုပ်ပြီးတော့ လူ့အခွင့်အရေး တိုက်ပွဲ ဝင်တဲ့ ဆုအနေနဲ့ ပေးအပ်မယ်လို့ ကျနော်တို့ သိရှိရပါတယ်။ အဲ့တာနဲ့ပတ်သက်လို့ ကိုရန်နိုင်ထွန်း ဒေါ်အောင်ဆန်းစုကြည် ဒီဆု ဘယ်လိုရသလဲဆိုတာ အကျဉ်းချုပ်လေး ပြောပြပေး ပါခင်ဗျာ။
ကိုရန်နိုင်ထွန်း-ဟုတ်ကဲ့ခင်ဗျာ။ ဂွမ်ဂျူးမြို့ဟာဆိုရင် ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်ခဲ့တဲ့ အစပြုခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ ပြောရရင်တော့ ဒီမိုကရေစီမြို့လို့ တင်စားခေါ်ဝေါ်တဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒီ့မှာ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို နှစ်စဉ်နှစ်တိုင်းလိုလို အာရှနဲ့ ဥရောပ နိုင်ငံတွေကနေ ဒီမိုကရေစီအရေး ကို အားကြိုးမာန်တက် ကြိုးစားနေတဲ့သူတွေ ကို ရွေးချယ်ပြီးတော့ ပေးတာဖြစ်ပါတယ်။ အဲ့ဒီ့တော့ ၂၀၀၄ခုနှစ်တုန်းက ကျနော်တို့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုရီးယားနိုင်ငံ အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ ကိုရီးယား ဌာနခွဲကနေ အဆိုတင်သွင်းခဲ့ပါတယ်။ အဆိုတင်သွင်းခဲ့တဲ့အတွက် ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ဟာဆိုလို့ရှိရင် ဒီလိုဆုမျိုးကို ရရှိထိုက်တယ်လို့ ယူဆပြီးတော့ ပေးတာဖြစ်ပါတယ်ခင်ဗျာ။
ဂွမ်ဂျူးကနေပြီးတော့ ကင်ပိုလေဆိပ်ကို ပြန်လာမှာပါ။ ကင်ပိုလေဆိပ်ကနေ ဆိုးလ်ကို ဆက် သွားမှာပါ။ ဆိုးလ်မြို့ကို ရောက်တဲ့အခါမှာတော့ ဖေဖော်ဝါရီလ တစ်ရက်နေ့မှာပေါ့ ဆိုးလ်မြို့မှာ ရှိတဲ့ မြန်မာမိသားစုနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ အဲ့တာကတော့ ဖေဖော်ဝါရီလ ၁ရက်နေ့ မနက် ကိုးနာရီ တိတိ အချိန်မှာဖြစ်ပါတယ်။ အဲ့ဒီ့အစီအစဉ်ပြီးသွားရင်တော့ ၂၀၀၀ပြည့်နှစ် က နိုဘယ်လ်ငြိမ်း ချမ်းရေး ဆုရှင်ဖြစ်တဲ့ ကွယ်လွန်သူ သမ္မတ ကမ်ဒေးဂျုံရဲ့ ဇနီးဖြစ်သူ မစ္စ် ယီဟီတိုနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
ဦးရော်နီညိမ်း- ဟုတ်ကဲ့။ ကိုရန်နိုင်ထွန်းရေ။ အခုလိုရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မခွာညို- ဦးရော်နီရေ၊ အခုလေယာဉ်ကွင်းမှာ လုံခြုံရေးအခြေအနေ ဘယ်လိုတွေ့ရလဲရှင့်။ သတင်းယူရတာရော လွယ်လွယ်ကူကူပဲလား။
ဦးရော်နီညိမ်း- လုံခြုံရေးကတော့ မနေ့က ကျနော်တို့ ဟိုနိုလူလူမှာ တွေ့ခဲ့ရတဲ့အတိုင်း အနာဂတ် နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ကို သဘောထားပြီးတော့ ရောက်လေရာ နိုင်ငံတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မှဲ့တစ်ပေါက် မစွန်းရအောင် တင်းတင်းကျပ်ကျပ်နဲ့ စောင့်ရှောက်တာကို ကျနော်တို့ တွေ့ရပါတယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်မြေပေါ်မှာတော့ ဘာမှ အဖြစ်မခံဘူးဆိုတဲ့ အနေအထားမျိုးကို ကျနော်တို့တွေ့ရပါတယ်။ အဲ့ဒီ့တော့ ကျနော်တို့သတင်းသမားတွေဟာ အတော်လေးကို ကျပ်ကျပ်တည်းတည်း သတင်းရရှိဖို့ကို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ သတင်းရရှိဖို့ကို ကျနော်တို့ တော်တော်လေးကို ပြောရ ဆိုရပါတယ်။
အခုကိုရီးယားသမ္မတနိုင်ငံကတော့ တော်တော်လေးကို သဘောကောင်းတယ်လို့ ပြောရပါမယ်။ အခုကျနော်တို့ မြန်မာနိုင်ငံသားတွေရော၊ သတင်းသမားတွေရော ဒေါ်အောင်ဆန်းစုကြည် ထွက်လာပြီး တက်မယ့်ကားပေါ်မှာ ပြင်ဆင်ထားတဲ့ ကော်ဇောနီဘေးမှာကို ကျနော်တို့ အားလုံးကို ရပ်ပြီးတော့ ကြိုဆိုခွင့်ပြုထားပါတယ်ခင်ဗျာ။
ဒါကတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် Incheon အင်ချွန် လေဆိပ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့အချိန် လေဆိပ်ထဲမှာရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ဦးရော်နီညိမ်းက သတင်းပေးပို့တင်ပြခဲ့တာပါ။