သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ သမ္မတဦးသိန်းစိန်တွေ့ဆုံ


ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ တတိယအကြိမ်မြောက် နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ တတိယအကြိမ်မြောက် နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ သြဂုတ်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ဦး အဲဒီလို တွေ့ဆုံခဲ့တဲ့ အကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဌေးဇော်က အတည်ပြုပြောဆိုပေမဲ့ ဘာတွေ ဆွေးနွေးကြတယ် ဆိုတဲ့ အသေးစိတ်တွေ ကိုတော့ မပြောပါဘူး။ ဒါဟာဖြင့်သီတင်းနှစ်ပတ် တောင် မရှိတဲ့အချိန်အတွင်း ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဒုတိယ အကြိမ်တွေ့ဆုံကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာချိန်ကတည်းကဆိုရင် သမ္မတနဲ့ တွေ့ဆုံ တာဟာ စုစုပေါင်း သုံးကြိမ်ရှိသွားပြီဖြစ်ပြီး ဒီ့မတိုင်ခင် နောက်ဆုံးတွေ့ဆုံခဲ့တာက သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ်နဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွေ ကို တက်ရောက်နေပြီး သြဂုတ်လ ၇ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း ရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေပါတယ်။
XS
SM
MD
LG