သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို


အမေရိကန်ပြည်ထောင်စုက ပြန်လာတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ထောင်ချီတဲ့ပြည်သူတွေ လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုက ပြန်လာတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို ထောင်ချီတဲ့ပြည်သူတွေ လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန် ပြည်ထောင်စုကို ၁၇ရက်ခရီး လာရောက် ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ ၄ရက် ကြာသပတေးနေ့ ည ၉နာရီ ၄၅ မိနစ်မှာ ကိုရီးယားလေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။

လေဆိပ်မှာ ထောင်နဲ့ချီတဲ့ လူအုပ်က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသလို တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ရှေ့မှာလည်း လူအုပ်ကြီးက လာရောက် ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန် နိုင်ငံ အနောက်ခြမ်း Los Angeles မြို့မှာ သူ့ခရီးစဉ်ရဲ့ နောက်ဆုံး အစီအစဉ် အဖြစ် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ အမေရိကန် ခရီးစဉ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးမှုပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောနိုင်ခဲ့သလို မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေကို အမေရိကန် အစိုးရ တာဝန်ရှိသူတွေကို မျက်နှာချင်းဆိုင် ရှင်းပြခွင့် ရခဲ့တဲ့ အပြင် မြန်မာနိုင်ငံကနေ အမေရိကန် နိုင်ငံကို ရောက်နေသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့တာမို့ ကျေနပ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရှင်တန် ဒီစီမှာ အမေရိကန် သမ္မတ Barack Obama နဲ့ တကွ အစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့သလို အမေရိကန် လွှတ်တော်ရဲ့ အရပ်သားဆိုင်ရာ အမြင့်ဆုံး ချီးမြှင့်တဲ့ လွှတ်တော် ရွှေတံဆိပ်ဆု အပါအဝင် ဆုအတော်များများကိုလည်း လက်ခံယူခဲ့ပါတယ်။ ဒါ့ပြင် ကုလသမဂ္ဂ ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ ပင်တိုင်ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးခဲ့သလို အမေရိကန်နိုင်ငံက ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေဖြစ်တဲ့ Yale နဲ့ Harvard အပါအဝင် တက္ကသိုလ် တော်တော်များများမှာလည်း မိန့်ခွန်းတွေပြောကြားခဲ့ပါတယ်။
XS
SM
MD
LG