သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကယားခရီးစဉ် ဖယ်ဒရယ်အရေးပြောဆို


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၅)

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ်ခရီးစဉ်မှာ ဒီကနေ့ ရှားတောဒေသခံတွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ NLD ပါတီက အနိုင်ရခဲ့ရင် တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံချက်ရှိမယ့် ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို ဦးစားပေး လုပ်ဆောင် သွားမယ်လို့ ပြောဆိုသွား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတွေကို ကိုယ်တိုင်လိုက်ပါခဲ့တဲ့ NLD ပါတီ ကယားပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စည်သူကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ကယားပြည်နယ်က လူထုနဲ့ ဒီကနေ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်း စုကြည် အဓိက ဘာပြောသွားပါသလဲ။

ဒေါ်ခင်စည်သူ။ ။ တိုင်းရင်းသားကိစ္စပါပဲ၊ သူတို့က ဗမာပါတီလို့ထင်တာကိုလည်း သူ သေသေချာချာ စနစ်တကျ ရှင်းပြတာပေါ့နော်၊ အကြောက်တရားကို ပြောတယ်။ အကြောက်တရားဆိုတာ အရင်တုန်းက ပြည်သူလူထုရော၊ ဝန်ထမ်းတွေရော ခြိမ်းခြောက်တာမျိုးကို လက်မခံရပါဘူး၊ ခြိမ်းခြောက်လို့ရှိရင် ဒါ တရားဥပဒေအပြင်ဘက်ဖြစ်တဲ့အတွက် သူတို့ကိုလည်း တိုင်တောလို့ရပါတယ်ဆိုတဲ့ message ပေးတယ်ရှင့်။ နောက်ပြီးတော့ မဲစာရင်းသွားကြည့်ဖို့တို့၊ မဲပေးဖို့တို့ကိုတော့ အကြမ်းဖျင်းလေးကတော့ ပြောသွားတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ တိုင်းရင်းသား ဒေသြ ဖစ်တဲ့ ဒီ ကယား ပြည်နယ်မှာ တိုင်းရင်းသား အခွင့် အရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည် ဘာတွေ အလေးပေး ပြောတာ ရှိပါသလဲ။

ဒေါ်ခင်စည်သူ။ ။ သူကတော့ ဖက်ဒရယ်ဆိုတဲ့စကားလုံးကတော့ သူ ပြောနေကျပါပဲ။ ဖက်ဒရယ်ဆိုတဲ့စကားလုံးက ပြောရင်တောင် ဖမ်းတာပေါ့နော်၊ အဲလိုမျိုး ကြောက်စရာစကားလုံးတစ်ခုအနေနဲ့ကို အစိုးရအဖွဲ့က အဲသလိုမြင်အောင် လုပ်ထားတာ။ ဒါကြောင့်မို့လို့ ဘယ်သူမှ မပြောရဲဘူးပေါ့နော်၊ အဲဒီတော့ ဒေါ်စုတို့အနေနဲ့သည် ကျမတို့က ဗမာပါတီမဟုတ်ဘူး၊ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုပါတီဖြစ်တယ် - ဖက်ဒရယ်က …. ဒီမိုကရေစီစစ်စစ်နဲ့ သွားတဲ့ပြည်ထောင်စုကို ခေါ်တာပါ၊ ဖက်ဒရယ်ကိုခေါ်တာပါ-လို့ သူ ပြောတယ်၊ အဲဒီမူအတိုင်းပဲ သူသွားမယ်လို့ ပြောပါတယ်ရှင့်။ ဒီမိုကရေစီစံနှုန်းနဲ့သွားတဲ့ ဖက်ဒရယ်ပြည်ထောင်စု သူ တည်ထောင်မယ်ပေါ့။ အဲဒါလည်း သူလုပ်မှာပဲ။ အဲဒီဟာကလည်း အရေးကြီးလို့ သူလုပ်တယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အခြား အချက်အလက်တွေ ရော ထူးခြားတာ ဘာရှိလဲ။

ဒေါ်ခင်စည်သူ။ ။ ထူးထူးခြားခြားက - မကြောက်ဖို့-ပါပဲ။ ဝန်ထမ်းဆိုပြီးတော့ ခြောက်ပြီးတော့ မဲပေးတာတို့၊ ဌာနဆိုင်ရာက လူကြီးကနေပြီးတော့ ဝန်ထမ်းအားလုံးကိုယ်စား မဲပေးရတယ်ဆိုတာ အရင်တုန်းက ရှိခဲ့ဖူးတယ်ပေါ့နော်။ အဲဒါ ကြောက်လို့ ခွင့်ပြုထားတာမျိုးတွေလည်း အရင်တုန်းက ဖြစ်ခဲ့တာ။ အခု မကြောက်ဖို့၊ နောက်ပြီးတော့ ကိုယ့်ဟာကိုယ်စဉ်းစားပါ၊ ဘယ်ပါတီက ကောင်းလဲဆိုတာ စဉ်းစားပြီးတော့ ပါတီကြည့်ပြီး မဲပေးခိုင်းတယ်။ အဓိက ကတော့ ပါတီကနေပြီးတော့မှ မူဝါဒကောင်းမှ တိုင်းပြည်တိုးတက်မယ်ဆိုတာလေးကိုတော့ သူ hihglight လုပ်သွားတယ်ရှင့်။

ကိုဉာဏ်ဝင်းအောင်။ ။ ဒေါ်အောင်ဆန်းစုကြည် အခု ပြောဆိုသွားတဲ့ အချက်တွေက တိုင်းရင်းသားတွေအတွက် ဘယ်လောက်ထိ လက်တွေ့ကျကျ မျှော်လင့်လို့ ရမလဲ ခင်ဗျ။

ဒေါ်ခင်စည်သူ။ ။ သူပြောတဲ့အတိုင်းသာ ကျမတို့က ရဲရဲတင်းတင်းသာ ပြည်သူလူထုက လုပ်မယ်ဆိုရင်တော့ ကောင်းတဲ့ result ရမှာပေါ့။ ဒါပေမယ့် အကြောက်တရားဆိုတာကတော့ အခုချိန်ကတော့ အရမ်းကြီးတော့ ပေါ်ပေါ်လွင်လွင်ကြီးတော့ ဖိအားပေးတာတော့ မရှိသေးဘူးပေါ့နော်၊ ဟိုတခေါက်လာတုန်းက ဟောပြောပွဲကို သွားနားထောင်လို့ရှိရင် မိမိတာဝန်သာဖြစ်သည်- ဆိုပြီးတော့ အစိုးရအဖွဲ့က ဝန်ကြီးချုပ်ကိုယ်စား-ဆိုပြီးတော့ သူတို့ ညွှန်ကြားလွှာလား၊ ဘာလား - ဌာနဆိုင်ရာမှာ ဖြန့်ပါတယ်။ အခုဒီတပတ်ကတော့ ဖြန့်တာ မတွေ့ရဘူးရှင့်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့လေ ကယားပြည်နယ်မှာ အခြား ကရင်နီ တိုင်းရင်းသားပါတီတွေလည်း ဝင်ပြိုင်တာမျိုး ရှိနိုင်တယ်၊ နောက် တခုက ပြည်ခိုင်ဖြိုး ပါတီကလည်း ဝင်ပြိုင်တာမျိုးတွေ ရှိနိုင်တယ်။ ဆိုတော့ NLD နဲ့ ပြိုင်ဖက် ဖြစ်လာမယ့် အနေအထားမှာ NLD ရဲ့အလားအလာက ဘယ်လို ရှိလဲခင်ဗျ။

ဒေါ်ခင်စည်သူ။ ။ ကျမတို့ ဒေါ်စုကတော့ ပြောသွားတာတော့ - ဒါလည်း တခြားတိုင်းနဲ့ပြည်နယ်မှာလည်း သူပြောသွားတာပဲ။ ပြည်နယ်မှာဆို ဆီဆိုင်တို့၊ ဟိုပုံးတို့မှာလည်း သူပြောသွားတာပဲ။ ကျမတို့က တိုင်းရင်းသားရှိတဲ့နေရာမှာ ဘာဖြစ်လို့ လာပြိုင်ရလဲဆိုတာတော့ ပြောတယ်။ ရှင်းရှင်းလေးပဲ၊ ကျမတို့ အစိုးရဖွဲ့ချင်လို့ပါ။ အဲလိုပဲပြောတယ်။ အစိုးရဖွဲ့ချင်လို့ကို ကျမတို့က လာပြိုင်ရတာပါ-ပေါ့။ တိုင်းရင်းသားကလည်း ပြိုင်ပိုင်ခွင့်ရှိတယ်။ ကျမတို့ NLD ကလည်း ပြိုင်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် လာပြိုင်တယ်၊ အစိုးရအဖွဲ့ ဖွ့ဲချင်လို့ လာပြိုင်တာပါ၊ အဲဒါမျိုးပဲ ပြောတယ်ရှင့်။ တသီးပုဂ္ဂလအနေနဲ့ပြိုင်တဲ့ ဦးစိုးသိမ်းပေါ့နော်၊ သူတို့ဆိုလို့ရှိရင် ဘောလုံးပွဲတွေလုပ်ပေးတယ်၊ သိန်း ၇၀၊ ၈၀ တန်တွေ လုပ်ပေးပြီးတော့မှ ဆုတွေ များများပေးတယ်ပေါ့။ စကိုင်းနက်တွေ present ပေးတယ်ပေါ့။ ဆိုလာပြားတွေပေးတယ်ဆိုတာ အဲဒါတွေလည်းရှိတာပေါ့နော်။ ဥပမာ …ဆိုလည်း ဦးအောင်မင်းက ဆန်အိတ်တွေ ပေးတယ်ပေါ့။ အဲလိုမျိုးတွေတော့ ကြားရတာပေါ့နော်။ အဲဒါကတော့ ကိုယ်စားလှယ်လောင်းမကြေညာခင် ရှေ့ကတော့ အဲလိုလေးတွေ လုပ်တာတော့ သတိထားမိတယ်ရှင့်။

XS
SM
MD
LG