သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်း စိစစ်ကြဖို့ ဒေါ်စုတိုက်တွန်း


ကော့မှူးမြို့နယ်၊ ဝါးသိင်္ခကျေးရွာမှာ ဒေသခံပြည်သူတွေနဲ့တွေ့ဆုံပြီး လွှတ်တော်ရွေးကောက်ပွဲ မဲစာရင်းတွေကို သေချာစိစစ်ဖို့ တိုက်တွန်းပြောကြားနေစဉ်။ (ဇူလိုင် ၄၊ ၂၀၁၅)
ကော့မှူးမြို့နယ်၊ ဝါးသိင်္ခကျေးရွာမှာ ဒေသခံပြည်သူတွေနဲ့တွေ့ဆုံပြီး လွှတ်တော်ရွေးကောက်ပွဲ မဲစာရင်းတွေကို သေချာစိစစ်ဖို့ တိုက်တွန်းပြောကြားနေစဉ်။ (ဇူလိုင် ၄၊ ၂၀၁၅)

မှားယွင်းနေတဲ့ မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ရေး ပြည်သူတွေကိုယ်တိုင် ပါဝင်လုပ်ဆောင်ကြဖို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က တိုက်တွန်းလိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ ရာခိုင်နှုန်းတဝက်ကျော်ကမှားယွင်းနေကြောင်း စိစစ်တွေ့ရှိခဲ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်အတွင်း တအိမ်တက်ဆင်း မဲပေးရေးပညာပေးဟောပြောမှုများ လှည့်လည်သွားလာနေစဉ်။ (ဇူလိုင် ၄၊ ၂၀၁၅)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်အတွင်း တအိမ်တက်ဆင်း မဲပေးရေးပညာပေးဟောပြောမှုများ လှည့်လည်သွားလာနေစဉ်။ (ဇူလိုင် ၄၊ ၂၀၁၅)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က သူရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ မှားယွင်းနေတဲ့ မဲဆန္ဒရှင်စာရင်းတွေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လူထုဟောပြောပွဲမှာ အခုလိုပြောသွားပါတယ်။

“ကိုယ့်ရဲ့နိုင်ငံကို ဘယ်လိုစနစ်နဲ့အုပ်ချုပ်မလဲဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ ကိုယ်မပါဘူးဆိုတဲ့သဘော ဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲမှာမဲပေးဖို့ဟာ သိပ်ကို အရေးကြီးပါတယ်။ မဲစာရင်းတွေကို သေသေချာချာစိစစ်ကြပါ။ ကိုယ့်နာမည်ပါရဲ့လား၊ ပါသင့်တဲ့သူအားလုံး ပါရဲ့လား၊ မပါသင့်တဲ့နာမည်တွေ ပါနေရင် တို့နဲ့မဆိုင်ဘူးဆိုပြီး မနေပါနဲ့၊ ဆိုင်ပါတယ်။ ဘာဖြစ်လို့ ကျမ ဒီလိုပြောလဲဆိုတော့ မဲပေးပိုင်ခွင့်မရှိတဲ့လူ - ဥပမာဆိုရင် ဒီရွာကနေပြီး ကွယ်လွန် အနိစ္စရောက်သွားတဲ့လူတွေ နာမည်တွေပါနေတယ်ဆိုရင်လည်း အော်- ငါတို့နဲ့မှ မဆိုင်ဘဲ၊ နေပေစေ…လို့ မပြောပါနဲ့။ အဲဒီကိစ္စကို ပြင်ဖို့လုပ်ပါ။ ဘယ်လိုပြင်ရမလဲဆိုတာမျိုး ကျမတို့ဝေတဲ့ စာရွက်စာတမ်းတွေထဲမှာ ပါပါတယ်။”

မဲဆန္ဒရှင်တွေအနေနဲ့ ကိုယ့်ရဲ့ အမည်စာရင်းမှန်ကန်မှ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲပေးနိုင်မှာပါ။ ဒါကြောင့် အသက် (၁၈) နှစ်ပြည့်တဲ့ နိုင်ငံသားတိုင်း မဲပေးနိုင်ဖို့နဲ့ မဲစာရင်းတွေမှန်ကန်ရေး ကိုယ့်ရဲ့အမည်စာရင်းတွေကို သေချာစိစစ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“တကယ်မဲပေးပိုင်ခွင့်ရဖို့ဟာက မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်နာမည်က မှန်မှန်ကန်ကန်ပါရမယ်။ မှန်မှန်ကန်ကန်ပါရမယ်ဆိုတာက အချက်အလက်တွေ တော်တော်များတယ်။ နံပါတ် (၁) က ကိုယ့်ရဲ့နာမည်က ပါရမယ်။ သွားကြည့်လို့ရှိရင် နာမည်မပါတဲ့လူတွေ တော်တော်များပါတယ်။”

ဒါ့အပြင် မဲဆန္ဒရှင်စာရင်းတွေထုတ်ပြန်ချက်တွေမှာ ရာခိုင်နှုန်းတဝက်ကျော် မှားယွင်းနေတဲ့အတွက် ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှန်ကန်ရေး အခြေအနေ စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်ရှင်။

XS
SM
MD
LG