သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိကူးတို့သင်္ဘော မီးလောင်မှု သေဆုံးသူ ၁၀ ဦးရှိ


မီးလောင်သွားတဲ့ ကူးတို့သဘောၤပေါ်က ခရီးသည်တွေနဲ့ သဘောၤဝန်ထမ်းတွေ Bari ဆိပ်ကမ်းကိုရောက်လာစဉ်။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၄)
မီးလောင်သွားတဲ့ ကူးတို့သဘောၤပေါ်က ခရီးသည်တွေနဲ့ သဘောၤဝန်ထမ်းတွေ Bari ဆိပ်ကမ်းကိုရောက်လာစဉ်။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၄)

မီးလောင်နေတဲ့ ကူးတို့သင်္ဘောပေါ်မှာ အသက်ရှင်ကျန်နေသူအားလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အီတလီအစိုးရကပြောပါတယ်။ တနင်္ဂနွေနေ့က Adriatic ပင်လယ် Corfu ကျွန်းကနေထွက်ခွာလာတဲ့ကူးတို့သင်္ဘောပေါ် မတော်တဆမီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

သေဆုံးသူ (၁၀) ဦးလောက်ရှိနေပြီး ပျောက်ဆုံးနေတဲ့ခရီးသည်တွေရှိနေဆဲဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်ပြီးတိုးလာမှာကို စိုးရိမ်နေကြပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေက သင်္ဘောပေါ်မှာ နောက်ဆုံးကျန်ရစ်တဲ့ အသက်ရှင်နေသူတွေကို တနင်္လာနေ့က ကယ်ဆယ်ရာမှာ အလောင်းငါးလောင်းကို တွေ့ခဲ့ရပါတယ်။

မီးလောင်တဲ့ကူးတို့သင်္ဘောအနီး ရေပြင်တဝိုက်မှာ အီတလီနဲ့ဂရိနိုင်ငံက ကယ်ဆယ်ရေးလုပ်သားတွေက ရှာဖွေရေးလုပ်ငန်းတွေ ဆက်ပြီး ဆောင်ရွက်နေပါတယ်။ Norman Atlantic အီတလီ ကူးတို့သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ခရီးသည်ဦးရေ အတိအကျကို အာဏာပိုင်တွေဘက်က မသေမချာ ဖြစ်နေတာပါ။ သင်္ဘောစာရင်းအရ သဘောၤဝန်ထမ်းတွေအပါအဝင် ခရီးသည် ၄၇၈ ဦးလိုက်ပါလာတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၄၂၇ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ အီတလီအစိုးရကပြောပါတယ်။

မီးလောင်နေတဲ့သင်္ဘောပေါ်မှာ အသက်ရှင်ကျန်တဲ့ခရီးသည်အားလုံး ကယ်ဆယ်ပြီးတဲ့အချိန်ထိ သင်္ဘောကပ္ပိတိန် Argilio Giacomazzi က ရှိနေခဲ့တာပါ။ အီတလီရေတပ်အာဏာပိုင်တွေကတော့ ကူးတို့သင်္ဘောကို ဆိပ်ကမ်းဆီ သယ်ယူဖို့ ပြင်ဆင်နေပါတယ်။ အီတလီဝန်ကြီးချုပ် Matteo Renzi ကလည်း ကယ်ဆယ်ရေးလုပ်သားတွေရဲ့ကြိုးပမ်းအားထုတ်မှုကို ချီးကျူးစကားပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG