သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၄၀၀ ကျော်ပြီ


အဆောက်အဦးပြိုကျမှုအတွင်း သေဆုံးသွားသူတွေကို မြေမြုပ်သင်္ဂြိုလ်နေစဉ် (၁ မေ ၂၀၁၃)
အဆောက်အဦးပြိုကျမှုအတွင်း သေဆုံးသွားသူတွေကို မြေမြုပ်သင်္ဂြိုလ်နေစဉ် (၁ မေ ၂၀၁၃)
ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အထည်ချုပ်စက်ရုံ အဆောက်အဦး ပြိုကျမှုမှာ သေဆုံးသူဟာ ၄၀၀ အထိ ရှိသွားပါပြီ။ မနေ့တုန်းက ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Dhaka မှာ မေဒေးနေ့ ဆန္ဒပြပွဲလုပ်တော့ ထောင်နဲ့ချီတဲ့ လူထုပရိသတ်ဟာ အလုပ်ခွင် ဘေးကင်းလုံခြုံရေးနဲ့ အဲ့ဒီ ပြိုကျသွားတဲ့ အဆောက်အဦးပိုင်ရှင်ကို သေဒဏ်ပေးဖို့ဆိုပြီး တောင်းဆိုကြပါတယ်။

ပိုင်ရှင်ဖြစ်တဲ့ မိုဟာမက် ဆိုဟဲလ် ရာနာ (Mohammed Sohel Rana) ဟာ အဆောက်အဦးပိုင်ရှင်ဖြစ်သလို၊ အဆောက်အဦးထဲမှာရှိတဲ့ အထည်ချုပ်စက်ရုံ ပိုင်ရှင်လည်းဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုတော့ အာဏာပိုင်တွေက သိမ်းဆည်းထိန်းချုပ်ထားဖို့ အင်္ဂါနေ့တုန်းက အထက်တရားရုံးကနေ အမိန့်ချခဲ့ပါတယ်။

အဆောက်အဦး မပြိုကျခင်တုန်းက အဲ့ဒီမှာ အက်ကြောင်းတွေ တွေ့တာကြောင့် အဆောက်အဦးထဲ လူမနေဖို့ တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူဟာ အဲ့ဒီသတိပေးချက်ကို မလိုက်နာခဲ့ဘူးလို့ ရဲက ပြောပါတယ်။ ဒီအဆောက်အဦး ပြိုကျတာနဲ့ပတ်သက်လို့ အဆောက်အဦး အင်ဂျင်နီယာတွေ အပါအဝင် လူ ၈ ဦးကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေဟာ အဆောက်အဦးပျက် နေရာမှာ စက်ယန္တယားတွေ သုံးပြီး ရှာဖွေရှင်းလင်းနေတုန်းပါ။ လူရာနဲ့ချီ ပျောက်ဆုံးနေတာမို့ သေဆုံးသူ အရေအတွက် တိုးလာမယ်လို့လည်း ခန့်မှန်းရပါတယ်။ ပြိုကျတဲ့အချိန်မှာ အဆောက်အဦးထဲ လူ သုံးထောင်ကျော် ရှိနေတာပါ။
XS
SM
MD
LG