သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတလောင်းတွေရဲ့ ဝင်ငွေခွန်နဲ့ပိုင်ဆိုင်မှု လူထုရှေ့ချပြရတဲ့ အစဉ်အလာ


အမေရိကန် ရီပတ်ဘလီကင်သမ္မတလောင်းအဖြစ် အရွေးခံမည့် မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်တ်၊ အိုဟိုင်ယိုမှာ မဲဆွယ်နေစဉ်။
အမေရိကန် ရီပတ်ဘလီကင်သမ္မတလောင်းအဖြစ် အရွေးခံမည့် မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်တ်၊ အိုဟိုင်ယိုမှာ မဲဆွယ်နေစဉ်။
အမေရိကန်နိုင်ငံသားတိုင်းဟာ သူ့ရဲ့ ဝင်ငွေခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် သမ္မတအဖြစ် ရွေးချယ်ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ ဝင်ငွေခွန်ပေးဆောင်မှုတွေကို လူထုသိအောင် ဖော်ထုတ်ပြသခြင်းက လုပ်ရိုးလုပ်စဉ်ကိစ္စတခုဖြစ်ပါတယ်။ အခု ရီပတ်ဘလီကင်သမ္မတလောင်း မစ်တ်၊ ရော်မနီက သူ့ရဲ့ ချမ်းသားကြွယ်ဝမှုနဲ့ ဝင်ငွေခွန် ပေးဆောင်မှုကို ၂၀၁၀ ခုနှစ်အတွက်သာ ပြထားပြီး နောက်ပိုင်း ဝင်ငွေခွန်ကို ပြသခြင်းမရှိသေးဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီမိုကရက်ပါတီဘက်က ရီပတ်ဘလီကင်သမ္မတလောင်း မစ်တ်၊ ရော်မနီအပေါ် ထောက်ပြစရာ ဖြစ်နေရပါတယ်။ ဒီအကြောင်း အစုံအလင်ကို ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေးအကြောင်း သိကောင်းစရာအဖြစ် ဌာနမှူး ဦးသန်းလွင်ထွန်းက တင်ပြပေးထားပါတယ်။
XS
SM
MD
LG