သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် နဲ့ တွေ့ဆုံမေးမြန်းခန်း


ဗွီအိုအေ ဌာနမှူးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell (ဓာတ်ပုံ/ကြေးမုံ)
ဗွီအိုအေ ဌာနမှူးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell (ဓာတ်ပုံ/ကြေးမုံ)
မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ လက်တွေ့ကျ ဆက်ဆံရေး မူဝါဒဟာ မြန်မာပြည်တွင်း လက်ရှိ မြင်တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ အခြေအနေတိုးတက်မှုအပေါ် မူတည်ပြီး တဆင့်ပြီးတဆင့် တိုးမြှင့် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး ဒဲရက်မစ်ချဲလ်(Derek Mitchell) က ထပ်လောင်း ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ ဗွီအိုအေမြန်မာပိုင်း အစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ သီးသန့်တွေ့ဆုံခဲ့တာမှာ သံအမတ်ကြီး ဒဲရက်မစ်ချဲလ်က မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသမှာ ငြိမ်းချမ်းရေး မရနိုင်သေးတဲ့ အခြေအနေအပြင် အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ဒေသခံတွေနဲ့ ရိုဟင်ဂျာတွေအကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကိုလည်း စိုးရိမ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ရိုဟင်ဂျာတွေရဲ့အရေးဟာ သိမ်မွေ့လေးနက်တဲ့ ပြဿနာ တစ်ခု ဖြစ်ပြီး ဒေသတွင်းပြဿနာတစ်ခု အဖြစ်ပါ ဆိုက်ရောက်သွားစေနိုင်တဲ့ အကြောင်းလည်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ထံ သံအမတ် ခန့်အပ်လွှာ ပေးအပ်ခဲ့အပြီး၊ အခုလောလောဆယ် ဝါရှင်တန်ဒီစီမြို့တော်ကို ခေတ္တ ပြန်လည်ရောက်ရှိနေတဲ့ သံအမတ်ကြီး ဒဲရက်မစ်ချဲလ်နဲ့ ဦးသန်းလွင်ထွန်း တို့ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့မှာ ထုတ်လွှင့်တဲ့ အပတ်စဉ် တီဗီမဂ္ဂဇင်းအပြင် ရေဒီယိုအစီအစဉ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ စောင့်မျှော်နားဆင်နိုင်ပါတယ်။
XS
SM
MD
LG