သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှုရုပ်သိမ်းရေး ပြုပြင်ရေးအပေါ် မူတည်


ပထမဆုံးသံအမတ် ရန်ကုန် အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂။)
ပထမဆုံးသံအမတ် ရန်ကုန် အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှှုကို နောက်ထပ် သုံးနှစ်သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဗုဒ္ဓဟူးနေ့တုန်းက မဲခွဲဆုံးဖြတ်ခဲ့ပေမဲ့ လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက်မှုဖြစ်စဉ်တွေကိုကြည့်ပြီးတော့ အမေရိကန်က ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုတွေကို ချက်ခြင်းဖယ်ရှားပေးဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ် ဒဲရစ်မစ်ချယ်က ပြောလိုက်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါ တယ်။ ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အမေရိကန်သံအမတ်သစ် ဒဲရက်ခ်၊ မစ်ချယ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအကြောင်းကိုတော့ ရန်ကုန်အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က သတင်းပို့ထားပါတယ်။

မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုကို နောက်ထပ် သုံးနှစ်သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်အပြီး မြန်မာနိုင် ငံမှာ ဒီနေ့လုပ်တဲ့ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချယ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ရဲ့ ဒီမို ကရေစီ တိုးတက်မှုဖြစ်စဉ်တွေကိုကြည့်ပြီး အမေရိကန်က ကုန်သွယ်ရေး ပိတ်ဆို့အရေးယူ မှုတွေကို ချက်ခြင်းဖွင့်ဖို့ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သွင်းကုန်များ တားမြစ်မှှုတွေကို ဆက်လက် သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ဟာ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမဲ့ အမရိကန် အုပ်ချုပ်ရေးပိုင်းက သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေပြီး ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှှုတွေကို မြန်မာအစိုးရရဲ့ ဒီမိုကရေစီ တိုးတက်မှုတွေပေါ်မူတည်ပြီး ဖြေလျော့ရုပ်သိမ်းပေးနိုင်တယ်လို့ သူက အခုလို ပြောပြခဲ့ ပါတယ်။

“ကျနော်တို့အစိုးရပိုင်းအနေနဲ့လည်း လွှတ်တော်ကို တင်ပြလာတဲ့ Sanction ကို ရုပ်သိမ်းဖို့ လုပ်ပေးနိုင်ပါတယ်။ ကျနော် မြန်မာနိုင်ငံကိုလာတဲ့ကာလက တိုးတက်မှုတွေကို အစိုးရအဖွဲ့ကို တင်ပြခဲ့လို့ အခုဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိလာသလို သံအမတ်ကြီး အဆင့် ပြန်လည်ထားရှိခဲ့ တာတွေလည်း ဖြစ်လာတာပါ။”

ကုန်သွယ်ရေးတားမြစ်မှု ဥပဒေကို ၂၀၀၃ ခုနှစ်က စတင်ချမှတ်ခဲ့တာဖြစ်ပြီး ဇူလိုင်လကုန်အတွင်း သက်တမ်းကုန်ဆုံးတော့မှာမို့ သက်တမ်းတိုးဖို့ အမေရိကန်အထက်လွှတ်တော်က လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ ကုန်သွယ်ရေးတားမြစ်မှုကို အိမ်ဖြူတော်က သက်ညှာလျှော့ပေါ့ခွင့်နဲ့ ရပ်ဆိုင်းခွင့်ရှိတယ်လို့ ဖော်ပြထားတဲ့အပေါ် သူက အခုလို ပြောပြသွားခဲ့တာပါ။ မကြာသေးခင်က အမေရိကန် သမ္မတ ဘာရက်ခ်၊ အိုဘားမားက အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန် မာနိုင်ငံမှာ ရင်းးနှီး မြှုပ်နှံနိင်ကြပြီလို့ ပြောကြားခဲတာကြောင့် အမေရိကန် ကော်ပိုရိတ် စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မကြာမီ လာရောက်ရင်းနှီးတော့မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ စီးပွားရေးအရ ပွင့်လင်းမှုတွေဟာ သယံဇာတလုပ်ငန်းတွေမှာ အလွန်အရေးကြီးတယ် လို့လည်း အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ထောက်ပြခဲ့ပါတယ်။

“တိုင်းပြည်ထဲစီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေဆီ ထိထိရောက်ရောက် စောင့်ကြည့်နိုင်ရေးအတွက် ဒီသတင်း အချက်အလက်တွေက အထောက် အကူဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ စီးပွားရေးပွင့်လင်းမှုက သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေပမာဏ ကြီးမားပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းလို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက နိုင်ငံတော် ရဲ့ အမွေအနှစ်ဖြစ်တဲ့ သဘာဝ သယံဇာတတွေကို စီမံခန့်ခွဲကြရ တာဖြစ်လို့ပါ။ ဒါကြောင့် MOGE လို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်မယ့် အမေရိကန် ကုမ္ပဏီတွေအတွက် အထူး လိုအပ်ချက်တွေကို ကျနော်တို့ဘက်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံအနေနဲ့ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေမှာသာမက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်တွေမှာလည်း လေးလေးနက်နက် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ သူက ပြောခဲ့ပါသေးတယ်။ USAID အနေနဲ့ ပြည်တွင်းမှာ စားနပ်ရိက္ခာ လိုအပ်နေတဲ့နေရာတွေအတွက်လည်း အမေရိကန် ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။

“ဒီကနေ့မှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည် သူတွေအတွက် ဒေါ်လာ သုံးသန်းဖိုး စားနပ်ရိက္ခာ အကူအညီပေးမယ့် အကြောင်းကို ကြေညာလို ပါတယ်။ USAID ရဲ့ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံးကနေတဆင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ကို ကျနော်တို့ ဒေါ်လာ သုံးသန်း လှူဒါန်းလိုက်တာပါ။ ဒီလှူဒါန်းငွေနဲ့ WFP က ဆန် မက်ထရစ် တန်ချိန် ၃,၄၀၀ ဖိုးလောက် ဝယ်ယူမှာဖြစ်ပြီး ဒါဟာ လူ ၅,၅၀၀ အတွက် ၆ လစာ အကူအညီဖြစ်ပါ လိမ့်မယ်။ ဒီဆန်တွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရထိန်းချုပ်ထား ရာ ဒေသတွေမှာရော အစိုးရထိန်းချုပ်မှု မရှိတဲ့ ဒေသတွေမှာပါရှိနေကြတဲ့ နေရပ်စွန့်ခွာ ထွက်ပြေး လာရတဲ့သူတွေကို WFP က ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။”

ဒီကနေ့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှာပြုလုပ်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲဟာ ဒဲရက်မစ်ချယ် ရဲ့ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီးတဲ့နောက်မှာ ပထမဆုံးပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဖြစ်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီတိုးတက်ရေးတွေမှာ
US-AID က ကူညီဆောင်ရွက်ပေးသွားမယ်လို့ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်၊ မစ်ချယ်က ကတိပြုသွားခဲ့ပါတယ်ခင်ဗျား။
XS
SM
MD
LG