မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေအပေါ် အခြား အထီးကျန် အာဏာရှင်နိုင်ငံတွေအနေနဲ့ အတုယူသင့်ပြီး ဒီအတွက် နိုင်ငံတကာဘက်ကလည်း တုံ့ပြန်မှုကောင်းတွေ ရှိလာလိမ့်မယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael A.Hammer က ပြောလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ တချက်ခြင်း တုံ့ပြန်သွားမယ်ဆိုပြီး ကတိပြုခဲ့အတိုင်း အမေရိကန် ပြည်ထောင်စုဟာ မြန်မာအပေါ် အရေးယူမှုအချို့ကို လျှော့ပေါ့ပေးလာခဲ့ပါတယ်။ မြန်မာ အစိုးရဘက်က အခု ပြုလုပ်လာတဲ့ ပြုပြင်ပြောင်းလဲရေးခြေလှမ်းတွေဟာ အစ ဆိုပေမဲ့ အားရကျေနပ် စရာရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael A.Hammer က ဇူလိုင်လ ၂၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာ၊ ပွင့်လင်းလာတဲ့ အခြေအနေတွေကို ကြည့် ရတာတော့ အတော်လေး အားရကျေနပ်စရာကောင်းပါတယ်။ နိုင်ငံတကာအနေနဲ့ နှစ်ပေါင်းများစွာ ကတည်းက မျှော်လင့် နေတဲ့ လမ်းကြောင်းပေါ် ရောက်နေတဲ့ပုံပါ။ ဒါတွေဟာ အစပျိုးမှုသာ ဖြစ်နေပေမဲ့ မြန်မာအစိုးရရဲ့ အခု ခြေလှမ်းတွေဟာ အားရကျေနပ်စရာရှိပါတယ်။”
ဒီလို ပြုပြင်ပြောင်းလဲမှုတွေကြောင့်လည်း မြန်မာနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ဟာ အတော်လေး တိုးတက် ကောင်းမွန်လာတယ်လို့ ဆိုရမှာပါ။ သံတမန်ရေး ဆက်ဆံမှုတွေ အပြန်အလှန် ပြုလုပ်လာတဲ့အပြင် ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှုတွေပါ ခြေလှမ်း အစပြုလာပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ အခြား အာဏာရှင်တွေ အတွက်လည်း အချက်ပြမှုတခုဖြစ်တယ်လို့ Mr. Hammer က ပြောသွားပါတယ်။
“ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေ ကျူးလွန်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အပြင်ဘက် အထီးကျန်နေတဲ့ အုပ်ချုပ်သူတွေအတွက်လည်း ဒါဟာ အချက်ပြမှု တခုပါ။ မြန်မာနိုင်ငံအနေနဲ့ အခုလို ဒီလမ်းကြောင်းပေါ် လျှောက်လာတဲ့အတွက် အကျိုးအမြတ် ခံစားမှုတွေရှိပါတယ်။
"အာဏာရှင်တွေ၊ ဒီမိုကရေစီနည်းကျကျ လူထုကို ပါဝင်ပတ်သက်ခွင့်မပေးတဲ့ သူတွေအတွက် နိုင်ငံ တကာ အသိုင်းအဝိုင်းထဲမှာ အသေအချာ ပြန်ဝင်ဆန့်နိုင်ဖို့ မြန်မာနိုင်ငံဟာ စံပြနိုင်ငံလို ဖြစ်လာမယ် လို့ မျှော်လင့် ရပါတယ်။ အခုလုပ်နေတာတွေဟာ ကျနော်တို့ မြင်တွေ့လိုတာတွေပါ။ အစွန်းရောက်နေ တဲ့ သူတွေကိုတောင် သူတို့အခြေအနေကို ပြန်လည် သုံးသပ် စဉ်းစားကြဖို့ အားပေး တိုက်တွန်း လိုပါ တယ်။ သူတို့ဟာ သမိုင်းမှာ မှားတဲ့ဘက်မှာ ရှိနေပါတယ်။ သမိုင်းက သက်သေခံပါလိမ့်မယ်။ ဒါဟာ တာရှည်မခံပါဘူး။”
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူမှု ဥပဒေတွေကို သက်တမ်းတိုးရေး ကိစ္စဟာ အခုလက်ရှိ လွှတ်တော်ထဲ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု သက်တမ်း တိုးမယ့် မူကြမ်းထဲမှာ အစိုးရကနေ ယာယီ ကင်းလွတ်ခွင့် ပေးနိုင်မယ့် လုပ်ပိုင်ခွင့်တွေကိုလည်း ထည့်သွင်းထားတာပါ။
အရေးယူမှုတွေ လျှော့ပေါ့ပေးလာတာနဲ့အတူ အမေရိကန် ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းတွေ လည်း မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံဖို့ ပြင်ကြဆင်ကြ၊ မြန်မာပြည်ကို သွားရောက် လေ့လာကြ တာ တွေ့လာရပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာတော့ မြန်မာနိုင်ငံထဲ အမေရိကန် ရင်းနှီးမြှုပ်နှံ မှုတွေ အလုံးအရင်းလိုက် ဝင်ရောက်မယ့် အလားအလာတော့ မရှိသေးပါဘူးလို့ မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ အမေရိကန် ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Robert Hormats က မနေ့ကပဲ ဝါရှင်တန်ဒီစီက နိုင်ငံတကာ ကုန်သွယ်မှု အဖွဲ့မှာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ရှုပ်ထွေးမှုတွေ ရှိနေဆဲဖြစ်တာမို့၊ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ သတိထားရမယ့် အရာတွေ အတော် များများ ရှိတယ်လို့လည်း ပြောသွားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် သဘာ၀ ပတ်ဝန်း ကျင်နဲ့ အခြားလူမှု အခြေအနေတွေကို ထိခိုက်စရာရှိနိုင်တယ်ဆိုတဲ့ ဒေသခံတွေရဲ့ စိုးရိမ်ချက်ကို လည်း စီးပွားရေး ကုမ္ပဏီတွေ ဘက်က သတိထားပြီး ကိုင်တွယ်တုံ့ပြန်ဖို့ လိုမယ်လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံထဲမှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြဖို့ မြန်မာ အစိုးရ ကိုယ်တိုင်က လိုလားနေပေမယ့်လည်း တဘက်မှာတော့ နိုင်ငံတွင်း အဲဒီအတွက် အခင်း အကျင်းကောင်း လူသား အရင်းအမြစ် စသဖြင့် လိုအပ်ချက်တွေ စိန်ခေါ်ချက်တွေကတော့ ရှိနေသေး တယ်လို့ အကဲခတ်တွေက ယူဆထားကြပါတယ်။