သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရဲ့ စီးပွားရေးလွှမ်းမိုးမှု တန်ပြန်ဖို့ Trump ကတိပေး

ရီပတ်ဘလီကင် သမ္မတလောင်းနေရာအတွက် ယှဉ်ပြိုင်နေသူ Donald Trump
ရီပတ်ဘလီကင် သမ္မတလောင်းနေရာအတွက် ယှဉ်ပြိုင်နေသူ Donald Trump

အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ့ဆက်ဆံရေး အခန်းဂဏ္ဍသစ်ကို အကောင်အထည်ဖေါ်နိုင်ဖို့ သူ့ရဲ့မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေအတွင်း ကတိပေးနေတဲ့တချိန်တည်းမှာပဲ အမေရိကန်အပေါ် တရုတ်က နိုင်ထက်စီးနင်းလုပ်နေတာကို လက်ခံနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကင် သမ္မတလောင်းနေရာအတွက် ယှဉ်ပြိုင်နေသူ Donald Trump က ပြောဆိုလိုက်ပါတယ်။ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးလိုငွေပြမှုကို Mr. Trump က ကြိမ်ဖန်များစွာ ထောက်ပြပြောဆိုနေခဲ့ပြီး ဒီလိုမညီမမျှမှုဖြစ်နေတာကို သူသာ သမ္မတ ဖြစ်လာရင် အကောင်းဆုံး ဖြေရှင်းသွားမယ်လို့ လည်း ပြောဆို ပါတယ်။

“တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ ဒေါ်လာ ဘီလျံ ၅၀၀ လောက် ကျနော်တို့ဘက်က လိုငွေပြနေပြီး ဒါကို လှည့်ပြောင်းရပါမယ်။ ဒီလိုလုပ်နိုင်စွမ်းလည်း ရှိပါတယ်။ ကျနော်တို့ဟာ မတရားဓါးပြတိုက်ခံနေရတဲ့ ဘဏ်တိုက်ကြီး ဖြစ်နေတယ်ဆိုတာကို မမေ့ပါနဲ့။” လို့သူကပြောသွားပါတယ်။

အင်ဒီယာနာပြည်နယ်မှာ အင်္ဂါနေ့ ကျင်းပမယ့် Primary ပါတီတွင်းသမ္မတလောင်း ပဏာမ ရွေးကောက်ပွဲဟာ ဘယ်သူ သမ္မတလောင်းဖြစ်မလဲဆိုတာကို အဆုံးအဖြတ်ပေးမယ့် အဓိကကျတဲ့ ရွေးကောက်ပွဲတခုလည်းဖြစ်ပါတယ်။ ကြိုတင်ကောက်ခံတဲ့ စစ်တမ်းတွေအရ တက္ကဆပ် အထက်လွှတ်တော်အမတ် Ted Cruz ထက် Mr. Trump ဟာ အသာစီးရနေပြီး တနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ NBC ရုပ်သံဌာနနဲ့ Marist စစ်တမ်းတွေအရ Trump ဟာ ၁၅ မှတ်အသာစီးရနေပါတယ်။ တကယ်လို့သာ အင်ဒီယာနာမှ Trump အနိုင်ရခဲ့ရင်တော့ သူလိုအပ်တဲ့ ပါတီညီလာခံမှာ မဲထဲ့မယ့် ကိုယ်စားလှယ် အများစု ၁၂၃၇ ဦးရရှိဖို့ နီးစပ်သွားမှာပါ။

Cruz နဲ့ Ohio အုပ်ချုပ်ရေးမှူး John Kasich ကတော့ သူတို့အနေနဲ့လည်း ထောက်ခံမဲ အသီးသီး ရမှာဖြစ်တဲ့အတွက် ဇူလိုင်မှာကျင်းပမယ့် ပါတီညီလာခံမှာ Trump နဲ့ ယှဉ်ပြိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။

This item is part of
XS
SM
MD
LG