သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဒေသတွေမှာ တရုတ် drone တွေ တွင်ကျယ်


တရုတ်စစ်ရေးပြအခမ်းအနားမှာ Drone တွေ တင်ဆောင်ပြသ။
တရုတ်စစ်ရေးပြအခမ်းအနားမှာ Drone တွေ တင်ဆောင်ပြသ။

အီရတ်၊ ဆီးရီးယား၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေက ပဋိပက္ခဖြစ်ပွါးနေ တဲ့ နေရာတွေမှာ တရုတ်လုပ် မောင်းသူမဲ့ ဒရုံးယာဉ်တွေက အဓိက နေရာယူနေကြ တာနဲ့အတူ တရုတ်နိုင်ငံရဲ့ ဒရုံးယာဉ် ထုတ်လုပ်မှုက အလျင်အမြန်ပဲ နိုင်ငံတကာမှာ ဦးဆောင်သူဖြစ်လာခဲ့ပါတယ်။

အီရတ်တပ်ဖွဲ့တွေက တရုတ်ထုတ် မောင်းသူမဲ့ လေယာဉ်တွေကို သုံးပြီး IS အစွန်းရောက်တွေကို ချေမှုန်းတိုက်ခိုက်ခဲ့ရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလယ်မှာ ထိခိုက်ကျဆုံးမှု အများအပြား ရှိခဲ့တယ်လို့စစ်ရေး လေ့လာစောင့်ကြည့် သူတွေက ပြောပါတယ်။

စစ်မြေပြင်မှာ ထောက်လှမ်းရေး လုပ်နိုင်တဲ့ မောင်းသူမဲ့ ဒရုံးယာဉ် အသေးလေးတွေ ကို တရုတ်တို့ ထုတ်လုပ်ရောင်းချနေပြီး အခုအချိန်မှာတော့ မောင်းသူမဲ့ ဒုံးယာဉ် တချို့မှာ ဒုံးကျည် တပ်ဆင်နိုင်နေပြီလို့လည်း အမေရိကန် အခြေစိုက် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ သုတေသနအဖွဲ့ရဲ့ မောင်းသူမဲ့ ဒရုံးယာဉ် ဆိုင်ရာ ကျွမ်းကျင်သူ အကြီးတန်း ပညာရှင် Michael Boyle က ပြောပါတယ်။

အမေရိကန် မောင်းသူမဲ့ ဒရုံးယာဉ် တင်ပို့ ရောင်းချမှုကို အမေရိကန် လွှတ်တော်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက်တာကြောင့် တရုတ်တို့ရဲ့ မောင်းသူမဲ့ ဒရုံးယာဉ် တင်ပို့ ရောင်းချရမှု အလားအလာက အတော်လေး ကြီးကြီးမားမား ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန် နည်းပညာတွေ မရနိုင်တဲ့ အာရှ၊ အရှေ့အလယ်ပိုင်း၊ တောင်အမေရိကနဲ့ အာဖရိကနိုင်ငံ အများအပြားမှာ တရုတ် မောင်းသူမဲ့ ဒရုံးယာဉ်တွေ ဈေးကွက်ကောင်း လာမယ်လို့လည်း ဆိုပါတယ်။

ဂျပန်တို့က အမေရိကန်ထုတ် Hawk မောင်းသူမဲ့ ဒုံးယာဉ်တွေကို အသုံးပြုမယ့် သဘောရှိတာကြောင့် မောင်းသူမဲ့ ဒရုံးယာဉ်တွေဟာ တောင်တရုတ် ပယ်လယ်ပြင်နဲ့ အရှေ့တရုတ်ပင်လယ်ပြင် အရေးကိစ္စတွေမှာလည်း အရေးပါလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။

XS
SM
MD
LG