သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ဖေါက်ပြေးတဲ့ မူးယစ်ရာဇာ Mexico မှာပြန်မိ


ထောင်ဖေါက်ပြေးတဲ့ မူးယစ်ရာဇာ Mexico မှာပြန်မိ။
ထောင်ဖေါက်ပြေးတဲ့ မူးယစ်ရာဇာ Mexico မှာပြန်မိ။

မက်ဆီကို မူးယစ်ရာဇာ "El Chapo" Guzman ကို အာဏာပိုင်တွေ ပြန်ဖမ်းမိပြီလို့ မက်ဆီကို သမ္မတ Enrique Pena Nieto က ကြေညာခဲ့ပါတယ်။ အကျဉ်းကျခံနေရ တဲ့ အယ်လ် ချာပိုဟာ လွန်ခဲ့တဲ့ ၇ လတုန်းက လျို့ဝှက် မြေအောက်လှိုင်ခေါင်းကနေ ထွက်ပြေး လွတ်မြောက် သွားခဲ့တာပါ။

သမ္မတက Spanish Friday တွစ်တာစာမျက်နှာကနေ Guzman ကို ဖမ်းမိတဲ့အကြောင်း ပြောကြားရာမှာ “ကြိုးပမ်းချက်အောင်မြင်ပြီ၊ သူ့ကိုမိထားပြီလို့” ကြေညာခဲ့တာ ဖြစ်ပါတယ်။

Guzman ရဲ့ မွေးဌာနေဖြစ်တဲ့ Sinaloa ပြည်နယ် Los Mochis မြို့မှာ မက်ဆီကို မရိန်းတပ်သားတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့ပြီးတဲ့နောက်မှာ Guzma ကို ဖမ်းမိခဲ့တာလို့ မက်ဆီကိုအရာရှိတွေက AP သတင်းဌာနကို ပြောပါတယ်။

သူဘယ်မှာ ရှိနေတယ်ဆိုတဲ့ သတင်းပေးချက်အရ မက်ဆီကို မရိန်း တပ်သားတွေက သောကြာနေ့ အာရုံတက်ချိန်မှာ Los Mochis မြို့က အိမ်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စီးနင်းချိန်မှာပဲ သေနတ်သံတွေ ချက်ချင်း ကြားခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စီးနင်းမှုမှာ သံသယရှိသူ ၅ ဦးသေဆုံးပြီး နောက်ထပ် ၆ ဦးကို ဖမ်းမိခဲ့တယ်လို့ မက်ဆီကို အရာရှိတွေကပြောပါတယ်။ မရိန်းတပ်သား တယောက်ကတော့ ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ဆိုပါတယ်။

မက်ဆီကို အနောက်မြောက်ပိုင်း တောတောင်ထူထပ်တဲ့ Sinaloa ပြည်နယ် မှာ အောက်တိုဘာလကတည်းက စပြီး မက်ဆီကို အာဏာပိုင်တွေက သူ့ကို လိုက်ရှာနေတာ ဖြစ်ပါတယ်။ သူဟာ Sinaloa နဲ့ Durango ပြည်နယ် ၂ ခု နားက တောထူထပ်တဲ့ နယ်စပ်နေရာမှာ မရိန်းတပ်သားတွေ လက်က လွတ်အောင် ထွက်ပြေးရင်း ဒဏ်ရာရခဲ့ပုံရတယ်လု့ိ သူ့ကို နောက်ယောင်ခံလိုက်နေတဲ့အဖွဲ့က သတင်းပို့ခဲ့တာပါ။

အကျဉ်းကျနေတဲ့ Guzman ဟာ သူ့အခန်းထဲကနေ အနားက ရွာကလေးအထိ ပေါက်အောင် မြေအောက်လှိုင်ခေါင်းကို လျို့ဝှက် တူးဖေါ်ခဲ့ပြီး ၁ ကီလိုမီတာခွဲ ရှည်တဲ့ ဒီမြေအောက် လှိုင်ခေါင်းကနေ ဇူလိုင်လ ၁၁ ရက်နေ့က ထွက်ပြေးလွတ်မြောက် သွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG