သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ် အန္တရာယ် ကမ္ဘာကို ခြိမ်းခြောက်


အမေရိကန် နယူးယောက် တွင် Heroin သိမ်းဆီးရမိစဉ်။ (မေ ၁၉၊ ၂၀၁၅)
အမေရိကန် နယူးယောက် တွင် Heroin သိမ်းဆီးရမိစဉ်။ (မေ ၁၉၊ ၂၀၁၅)

တရားမဝင် ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေရဲ့ အန္တရာယ်ဟာ ကမ္ဘာကို တနေ့တခြားတိုးပြီး ခြိမ်းခြောက်လာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက လွှတ်တော်ကို တင်သွင်းတဲ့ နှစ်လည် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာ အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တာပါ။

ဒီအစီရင်ခံစာထဲမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ မှောင်ခိုရောင်းဝယ်မှုတွေ၊ ဒီကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်သမားတွေ အတွက် ငွေကြေး အထောက်အပံ့ ဖြစ်နေမှုတွေ ကို လျှော့ချနိုင်ဖို့ နိုင်ငံခြား အစိုးရ တွေရဲ့ ကြိုး စားနေမှုတွေကို အသေးစိတ်ဖေါ်ပြထားပါတယ်။

မူးယစ်ဆေး သုံးစွဲမှုဆိုင်ရာ နိုင်ငံတကာ သတင်းအချက်အလက်တွေ တိုးတက် ကောင်းမွန်လာတာကနေ ဘိန်းဖြူနဲ့ စိတ်ကြွဆေး ဆိုင်ရာ ပြဿနာတွေကို ကမ္ဘာတဝှမ်း ပိုပြီး နားလည်လာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။

အစီရင်ခံစာထဲမှာ ဖေါ်ပြထားတဲ့ နိုင်ငံအားလုံးရဲ့ ထက်ဝက်ကျော်က ဘိန်းဖြူဟာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဓိက ပြဿနာ တခု အဖြစ် ဖေါ်ပြကြပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဘိန်းဖြူ ပြဿနာ ပြန်ရှိနေတဲ့အကြောင်း နံမည်စာရင်းမှာ ပြန်ပြီး ဖေါ်ပြ ခဲ့တာကလည်း တရားမဝင် မူးယစ်ဆေးဝါး ထိန်းချုပ်မှုတွေထဲက စိတ်မကောင်း ဖြစ်စရာ သတင်းဆိုးတခု ဖြစ်ပါတယ်။

ကုတ်ကင်း သုံးစွဲမှုကလည်း နိုင်ငံအများအပြားနဲ့ ဒေသအများအပြားမှာ တိုးလာခဲ့သလို ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အတွင်း တွေ့ရလေ့ မရှိတာမျိုး လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ စိတ်ကြွဆေးသုံးစွဲမှုကတော့ အထူးသဖြင့် အာဖရိကမှာနဲ့ အာရှဒေသ အတော်များများမှာ လျင်လျင်မြန်မြန် ပြန့်နှံ့နေ တဲ့ အန္တရာယ် တခု ဖြစ်ပြီး ဒါဟာ ဈေးပေါပေါ ထုတ်လုပ်နိုင်တာနဲ့ သူတို့ရဲ့ ထုတ်လုပ်မှုကို တင်းကြပ်ဖို့ ခက်ခဲနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG