သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ နယ်စပ် အားပြင်း ငလျင် လှုပ်


အိန္ဒိယနိုင်ငံ မြေငလျင်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်။ (ဇန်နဝါရီလ ၄၊ ၂၀၁၆)
အိန္ဒိယနိုင်ငံ မြေငလျင်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်။ (ဇန်နဝါရီလ ၄၊ ၂၀၁၆)

မြန်မာနိုင်ငံအနီး အိန္ဒိယနိုင်ငံတွင်းကို ဗဟိုပြုပြီး အင်အားပြင်းငလျင် တခု လှုပ်ခတ်ခဲ့တဲ့ အတွက် အိန္ဒိယနိုင်ငံမှာ အနည်းဆုံး ၆ ယောက်ထက် မနည်း သေဆုံးခဲ့သလို၊ မြန်မာနိုင်ငံတွင်းက မြို့ကြီးတွေအထိ ရိုက်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ တောင်ဘက် ၁၁၇၅ ကီလိုမီတာအကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၇ အထိရှိခဲ့ကြောင်းလည်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး စခန်းကပြောပါတယ်။ မြန်မာနိုင်ငံတွင်းက ငလျင်ရိုက်ခတ်မှု အခြေအနေတွေနဲ့ အကြောင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

အိန္ဒိယမြန်မာနယ်စပ်မှာ အင်အားပြင်းငလျင် လှုပ်သွားတဲ့အတွက် အိန္ဒိယနိုင်ငံ ဘက်မှာ အသေအပျောက်တွေနဲ့ အပျက်စီးတွေ ရှိခဲ့ဲသလို မြန်မာနိုင်ငံဘက်က မြို့အတော်များများမှာလည်း တနင်္လာနေ့ မနက်ပိုင်းမှာ ငလျင်လှုပ်တာကို သိရှိလိုက်ရတယ်လို့မိုးလေဝသနဲ့ ဇလဗေဇညွန်ကြားမှူးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပပထွန်းက အခုလိုပြောပြပါတယ်။

“ကျမတို့ သတင်းရထားတာကတော့ တမှူး၊ ကသာ၊ မော်လိုက်၊ ဟားခါး ၊ ကလေး ၊ သပိတ်ကျင်း၊ ဟင်္သာတ ၊ ရန်ကုန် အဲဒီမြို့တွေကတော့ သတိပြုမိတယ်လို့ သိရပါတယ်ရှင်။”

အိန္ဒိယနိုင်ငံနဲ့ အနီးစပ်ဆုံး တမှူးမြို့ မှာတော့ တခြားနေရာ ဒေသတွေထက် ငလျင်လှုပ်မူ ပြင်းအား ပိုများတယ်လို့ ဆိုပါတယ်။

“တမှူးဘက်ကတော့ ဟိုဘယ်လိုခေါ်မလဲ မြေငလျင် center နဲ့ သိပ်မကွာတဲ့ အတွက်ကြောင့် ခံစားမှုကတော့ ရှိပါတယ်ရှင့်။ ဟုတ် ခံစားမှုအနေနဲ့ကတော့ ဥပမာဆိုလို့ရှိရင် တမှူးနဲ့ သပိတ်ကျင်းလိုမျိုး ဆိုလို့ရှိရင်တော့ တမှူးက ပိုပြီး ခံစားရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တမှူးက မြေငလျင်ရဲ့ epi center နဲ့ နီးတဲ့အခါ ကျတော့လေ သူက ပိုပြီးတော့ ခံစားရတယ်ရှင့်။

အပျက်အစီး အထိခိုက်တွေ ရှိ၊ မရှိ မေးတဲ့ အခါမှာတော့ အခုလိုပြောပြပါတယ်။

“ အခုအထိတော့ ညီမတို့ သတင်းမရရှိသေးပါဘူးရှင့် ပျက်စီးမှု ကတော့လေ။”

တနင်္လာနေ့မှာလှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အန္ဒိယနိုင်င ံအင်ဖာမြို့မှာ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အဦးတွေ ပြိုကျ ပျက်ဆီးမူတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နယ်စပ်တွေမှာတော့ ငလျှင် အန္တရာယ် သတိရှိသင့်တယ်လို့ ဘူမိဗေဒပညာရှင်တွေက သတိပေးထားပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဇညွန်ကြားမှူးဦးစီးဌာန ကတော့ ငလျင်ဆိုတ ကြိုတင်ခန့်မှန်းလို့မရတဲ့အတွက် သတိပေးချက်တွေ ထုတ်ပြန်တာတွေတော့ မရှိဘူးလို့ဆိုပါတယ်။

အန္ဒိယ-မြန်မာနယ်စပ်မှာ ငလျင်လှုပ်ခတ်မူတွေကြောင့် နယ်စပ်မြို့တွေကတော့ စိုးရိမ်မှုတွေ ရှိနေတယ် လို့တော့ နယ်စပ်နေ ပြည်သူတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ကတော့ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် ၁၂ ခုလောက်မှာ ရေလွှမ်းမိုးတဲ့ သဘာဝဘေးဒဏ်တွေ ခံစားခဲ့ရပြီး ချင်းပြည်နယ် မှာတော့ အဆောက်အဦးတွေ ပြိုကျမူတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒီအတွက် မြန်မာပြည်သူတွေကတော့ အင်အားပြင်း ငလျင် နယ်စပ်မှာ လှုပ်ခတ်သွားတဲ့အပေါ်မှာ စိုးရိမ်စိတ်တွေ နဲ့ စောင့်ကြည့်နေ ရတယ် လို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG