သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် အင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၀၀ နီးပါးရှိ


ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ကလေးတစ်ဦးကို ခေါ်လာစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၁၅)
ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ ကလေးတစ်ဦးကို ခေါ်လာစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၁၅)

အာဖဂန်နစ္စတန်နိုင်ငံအတွင်း တနင်္လာနေ့က အင်အားပြင်းထန်တဲ့ငလျင် လှုပ်သွားခဲ့တာကြောင့် အာဖဂန်နဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံတို့မှာ လူ ၃၀၀ နီးပါး သေဆုံးပြီး ၁,၇၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အမေရိကန်ဘူမိဗေဒ တိုင်းတာရေးဌာနရဲ့အဆိုအရ ငလျင်ပြင်းအားဟာ ၇.၅ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်ဟာ ပါကစ္စတန်၊ Tajikistan နဲ့ တရုတ်နိုင်ငံတို့ နယ်စပ်အနီးမှာရှိတဲ့ အာဖဂန်နိုင်ငံ Badakhshan ခရိုင်အတွင်းက Hindu Kush တောင်တန်းတွေက လူဦးရေ သိပ်မထူထပ်တဲ့ဒေသမှာ ဗဟိုပြု လှုပ်ခတ် သွားခဲ့တာလို့ ဆိုပါတယ်။

ငလျင်ဒဏ် အပြင်းထန်ဆုံးထိခိုက်ခဲ့တဲ့ ဒေသဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသ Khyber Pakhtunkhwa ခရိုင်အတွင်းမှာ ဖြစ်ပြီး အဲဒီ ဒေသမှာ သေဆုံးသူအရေအတွက်ဟာ ၁၄၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁,၀၀၀ ကျော်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အာဖဂန်နိုင်ငံအတွင်းမှာတော့ အခုချိန်ထိ လူ ၅၉ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအရေအတွက်ဟာ သိသိသာသာ တိုးသွားနိုင်တယ်လို့ အာဖဂန်အစိုးရ အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ Abdullah Abdullah က ပြောပါတယ်။

အာဖဂန်နိုင်ငံအတွင်းသေဆုံးသူတွေထဲ Takhar ခရိုင်အတွင်း လှုပ်ခါနေတဲ့ အဆေက်အဦးအတွင်းက ထွက်ပြေးဖို့ ကြိုးစားတဲ့ ကျောင်းသူ ၁၂ ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG