သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Scott Marciel မြန်မာပြည်ခရီးစဉ်


အမေရိကန်ပြည်ထောင်စု အရှေ့အာရှပစိဖိတ်ရေးရာ အကြီးတန်း ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel
အမေရိကန်ပြည်ထောင်စု အရှေ့အာရှပစိဖိတ်ရေးရာ အကြီးတန်း ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel

အမေရိကန်ပြည်ထောင်စု အရှေ့အာရှပစိဖိတ်ရေးရာ အကြီးတန်း ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Marciel ဟာ မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ သွားရောက်ဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီးက VOA ကိုပြောပါတယ်။

သူဟာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားဖို့ ရှိပြီး ရန်ကုန်၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်ထဲကို သွားမယ်ဆိုတာ အတည်ပြုပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေစဉ် တာဝန်ရှိသူ အများအပြားနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဒီအထဲမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဖက် လူမှုလူ့အဖွဲ့အစည်း၊ လူငယ်တွေအပြင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ လို့ပြောသွားတာပါ။

အကြီးတန်း ဒု- လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Marciel ဟာ ကချင်ပြည်နယ်ထဲက ကျောင်းဆရာမ ၂ ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရတဲ့ ကိစ္စအပြင် ကချင်အရေးနဲ့ ပါတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ကချင်မဟာမိတ်အဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ မြန်မာအစိုးရ တာဝန်ရှိသူတွေကို ဒီကိစ္စ ပွင့်လင်းမြင်သာမှု ရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ တိုက်တွန်းမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လူကုန်ကူးမှုနဲ့ ပါတ်သက်တဲ့ နှစ်ပါတ်လည် အစီရင်ခံစာ ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံဟာ ၂၀၀၁ ခုနှစ်ကစပြီး အဆုံးဆုံး Tier ၃ အဆင့်ကနေ လွန်ခဲ့တဲ့ ၃ နှစ်ကမှ စောင့်ကြည့်ခံအဆင့် အဆင့် ၂ ကို ရောက်ခဲ့တာနဲ့ပါတ်သက်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင်း ဆင်းရဲတဲ့နိုင်ငံတွေမှာ ကြုံနေရတဲ့ ဒီပြဿနာကို အာဆီယံအသင်းကြီးက ဖြေရှင်းဖို့ လုပ်သင့်တယ်လို့ ထောက်ပြခဲ့သူလည်း ဖြစ်ပါတယ်။

မစ္စတာ Marciel ဟာ ၂၀၁၃ ခုနှစ် သြဂုတ်လကစပြီး အကြီးတန်း ဒု- လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး တာဝန်ကို ယူခဲ့တာ ဖြစ်ပြီး အရင်က အင်ဒိုနီးရှားနိုင်ငံမှာ အမေရိကန်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို အရှေ့အာရှနဲ့ ပစိဖိတ်ဌာနရဲ့ အာဆီယံ သံတမန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG