သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Senegal မှာ ပထမဆုံး အီဘိုလာရောဂါ ကူးစက်သူတွေ့


ဆီနီဂေါနိုင်ငံ ဆေးရုံတွင် အီဘိုလာ ရောဂါပိုးရှိသူ ကျန်းမာရေးစောင့်ရှောက်ခံယူ။
ဆီနီဂေါနိုင်ငံ ဆေးရုံတွင် အီဘိုလာ ရောဂါပိုးရှိသူ ကျန်းမာရေးစောင့်ရှောက်ခံယူ။

အာဖရိကတိုက် အနောက်ပိုင်းမှာဖြစ်နေတဲ့ အီဘိုလာကူးစက်ရောဂါဟာ အခုအခါမှာ ဆီနီဂေါနိုင်ငံကိုပါ ကူးစက်ရောက်ရှိလာပြီဖြစ်ပါတယ်။ ဆီနီဂေါနိုင်ငံက သူတို့ဆီမှာ အီဘိုလာရောဂါဖြစ်နေသူ တဦးကို တွေ့ရှိရတယ် လို့ သောကြာနေ့မှာ ကြေညာပါတယ်။

အီဘိုလာရောဂါဖြစ်နေသူဟာ ဂီနီတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီး၊ အဲဒီလူဟာ ဆီနီဂေါနိုင်ငံမြို့တော် Dakar မှာ ဆေးကုသမှုခံယူနေတယ်လို့ ဆီနီဂေါ ကျန်းမာရေးဝန်ကြီး Awa Marie Coll က သတင်းထောက်တွေကို ပြောပါတယ်။ ဂီနီနိုင်ငံမှာ အီဘိုလာရောဂါဖြစ်သူတွေနဲ့ ထိတွေ့မှုရှိခဲ့တယ်ဆိုတာကို အဲဒီလူငယ်က ဝန်ခံခဲ့တယ်လို့ သူမက ပြောပါတယ်။

ဆီနီဂေါနိုင်ငံဟာ ဒေသတွင်း အီဘိုလာကူးစက်ရောဂါဖြစ်နေတဲ့ နိုင်ငံတွေထဲက ပဉ္စမမြောက် နိုင်ငံဖြစ်ပါတယ်။ အီဘိုလာရောဂါပိုးကြောင့် ဂီနီ၊ လိုင်ဘေးရီးယားနဲ့ ဆီရာယာလီယုံနိုင်ငံတွေမှာ အခုနှစ်အတွင်း သေဆုံးသူဟာ ၁၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။

အီဘိုလာကူးစက်ရောဂါဖြစ်တာဟာ အခုဆိုရင် ၆ လရှိသွားပြီဖြစ်ပြိး၊ အခြေအနေတွေက ပိုပြီးတော့ ဆိုးရွာလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့မှာ သတိပေးလိုက်ပြီး၊ စုစုပေါင်း ရောဂါဖြစ်သူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်းဖြစ်ခဲ့တာလို့ ပြောပါတယ်။

အီဘိုလာရောဂါကို ကုသဖို့အတွက် စမ်းသပ်ထုတ်လုပ်နေတဲ့ စမ်းသပ်ဆေးဝါးတွေနဲ့ ရောဂါပိုးရှိတဲ့မျောက် ၁၈ ကောင်ကို ဓါတ်ခွဲခန်းမှာ စမ်းသပ်ကုသခဲ့တာဟာ အားလုံးအောင်မြင်မှုရခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက သောကြာနေ့ ပြောပါတယ်။ ZMapp ဆေးပြားတွေကို ပေးပြီး ငါးရက်အကြာမှာ အဲဒီရောဂါပိုးရှိတဲ့မျောက်တွေ အားလုံးဟာ အသက်ရှင်ခဲ့တယ်လို့ ပြောပါတယ်။

XS
SM
MD
LG