Ebola ရောဂါအဆိုးဆုံးဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေက Ebola virus ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။
လိုက်ဘေးရီးယားနဲ့ Sierra Leone နိုင်ငံတို့ရဲ့ နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်လိုက်တယ်လို့ ဂီနီနိုင်ငံက စနေနေ့က ကြေညာပါတယ်။ ဒီနိုင်ငံ ၃
နိုင်ငံလုံးမှာ Ebola ကြောင့် သေဆုံးသူပေါင်း တစ်ထောင်နီးပါး ရှိနေပါတယ်။
နောက်ဆုံးသေဆုံးသူတွေထဲကတယောက်က စပိန် Catholic သာသနာပြုအဖွဲ့နဲ့ လိုက်ဘေးရီးယားမှာ လုပ်အားပေးနေတဲ့ Congo သီလရှင် တယောက်ဖြစ်ပါတယ်။ Nigeria နိုင်ငံမှာလည်း Ebola ကြောင့် သေဆုံးသူ ၂ ယောက်ထက် မနည်းရှိပါပြီ။
ရောဂါပြဿနာကို ကိုင်တွယ်နိုင်ရေး နောက်ထပ်ဘဏ္ဍာငွေသုံးစွဲနိုင်ဖို့ လိုက်ဘေးရီးယား၊ Sierra Leone၊ ဂီနီနဲ့ Nigeria နိုင်ငံတွေမှာ အရေးပေါ် အခြေအနေတွေ ထုတ်ပြန် ကြေညာထားပါတယ်။ အနောက်အာဖရိကမှာ အခုပျံ့နှံ့နေတဲ့ Ebola ရောဂါကူးစက်မှုဟာ အရင်ဒီ Virus ကြောင့် ကူးစက်မှုတွေအားလုံးထက်ကို ပိုပြီး မြန်ဆန်တဲ့နှုန်းနဲ့ ကူးစက်နေတာဖြစ်ပါတယ်။ ဒီရောဂါကုသနိုင်ဖို့ ကုသနည်းရော ဆေးဝါးပါ မရှိသေးပါဘူး။