သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာရောဂါပိုး လူ ၅ သိန်းထက်ထိ ကူးစက်လာနိုင်


အီဘိုလာရောဂါကို ဟန့်တားထိန်းချုပ်မှု မလုပ်နိုင်ဘူးဆိုရင် ဇန်နဝါရီလအရောက်မှာ အနောက်အာဖရိကမှာ နေထိုင်တဲ့ လူပေါင်း ၅ သိန်းကနေ ၁ ဒဿမ ၄ သန်းကြား အရေအတွက်အထိ ကူးစက်သွားနိုင်တယ်လို့ အမေရိကန် သုတေသနပြုသူတွေက ပြောဆိုပါတယ်။

Liberia နဲ့ Sierra Leone စတဲ့ တိုင်းပြည်တွေမှာ ရောဂါဖြစ်ပွားနေတဲ့နှုန်းဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ နှစ်ဆ တိုးများလာနေကြောင်း၊ အခု WHO က ရရှိထားတဲ့ ရောဂါဖြစ်ပွားမှုနှုန်းဟာ တကယ်ရောဂါဖြစ်ပွားမှုနှုန်းထက် လျှော့ တွက်ထားတာသာဖြစ်တဲ့အကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာန CDC က ခန့်မှန်းပြောဆိုလိုက်ပါတယ်။

ရောဂါဖြစ်ပွားတဲ့ဒေသကို အမေရိကန် ကူညီပေးရေး တပ်ဖွဲ့ဝင်တွေ ၃ ထောင် စေလွှတ်မယ်လို့ ကတိပေးထားပြီးတော့ ရောဂါကုသပေးမှု ဌာနတွေ တည်ဆောက်ပေးမယ်လို့ ပြောပါတယ်။ ရောဂါခံစားရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကို လုံခြုံမှုရှိတဲ့ အဆောက်အအုံတွေမှာ ထားပြီးတော့ ရောဂါကူးစက်မှုကို လျှော့ချနိုင် မှသာလျှင် ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖွယ်ရှိတယ်လို့လည်း CDC အဖွဲ့က ကြေညာထားပါတယ်။

XS
SM
MD
LG