သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဘိုလာပညာပေးအဖွဲ့ဝင် ၇ ဦး ဂီနီမှာ သတ်ဖြတ်ခံရ


File d'attente devant le bureau de vote de l'école Yantala Haut à Niamey, qui a ouvert une heure en retard, Niamey, 21 février 2016 (VOA/Nicolas Pinault)
File d'attente devant le bureau de vote de l'école Yantala Haut à Niamey, qui a ouvert une heure en retard, Niamey, 21 février 2016 (VOA/Nicolas Pinault)

အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်နေတဲ့ အရာဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာလိုက်တဲ့အချိန်မှာပဲ Guinea နိုင်ငံ အရှေ့တောင်ပိုင်းမှာ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

Guinea နိုင်ငံ အရှေ့တောင်ပိုင်းက Wome မြို့မှာ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အဖွဲ့က ဒေသခံ ကျန်းမာရေးဝန်ထမ်း ၇ ဦးနဲ့ သတင်းထောက်တချို့ဟာ လွန်ခဲ့တဲ့ ၂ ရက်က ပျောက်ဆုံးသွားပြီးနောက် ရွာသားတွေရဲ့ သွေးအေးအေးနဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတယ်လို့ Guinea အစိုးရ အရာရှိတွေက ပြောပါတယ်။

အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်နှံ့လာနေတာနဲ့အမျှ အနောက်အာဖရိကတိုက်အတွင်းက လုံခြုံရေး အခြေအနေအပေါ် စိုးရိမ် ပူပန်ကြောင်း ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထုတ်ဖော် ပြောဆိုကြပါတယ်။ အီဘိုလာရောဂါပိုးကြောင့် လူပေါင်း ၂၆၀၀ လောက် သေဆုံးခဲ့ပြီးဖြစ်ပြီး အများစုဟာ Guinea, Liberia နဲ့ Sierra Leone နိုင်ငံတွေက ဖြစ်ပါတယ်။

အီဘိုလာရောဂါ တိုက်ဖျက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရင်းအမြစ်တွေ ပိုမို သုံးစွဲကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ် စည်းဝေးပွဲက တညီတညွတ်ထဲ ဆုံးဖြတ်ချက်ချ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အီဘိုလာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်လို့ လူထုအကြား သတင်းမှားတွေ မရောက်စေဖို့နဲ့ မလိုအပ်တဲ့ ထိန်လန့်မှုတွေ မဖြစ်ပေါ်အောင် သတင်းအချက်အလက် ထုတ်ပြန်မှုတွေ တိုးမြင့် ဆောင်ရွက်ကြဖို့လည်း ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

အီဘိုလာအရေးပေါ် တုန့်ပြန်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ့်အကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြာသပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။

XS
SM
MD
LG