သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့ အိမ်ခြံမြေဈေးတက်


ရန်ကုန် ဆောက်လုပ်ရေးစီမံကိန်းမြင်ကွင်းတစ်ခု။
ရန်ကုန် ဆောက်လုပ်ရေးစီမံကိန်းမြင်ကွင်းတစ်ခု။
မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာတာနဲ့အမျှ ကူးသန်းရောင်းဝယ်ရေး အချက်အခြာကျတဲ့ ရန်ကုန်မြို့မှာ အိမ်ခြံမြေဈေးတွေမကြုံစဖူး ထိုးတက်နေပါတယ်။ မြန်မာပြည်တွင်းမှာ အလုပ်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြတဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေအတွက် တနေ့တခြား မြင့်မားလာနေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေက စိန်ခေါ်မှု တရပ် ဖြစ်နေပါတယ်။

ရန်ကုန်မြို့မှာ အိမ်၊ မြေနဲ့ ရုံးခန်း ဈေးနှုန်းတွေ အဆမတန် တက်လာတာကြောင့် တချို့ နိုင်ငံခြားကုမ္မဏီရုံးခန်းတွေ မြို့စွန်မြို့ဖျားကို ပြောင်းရွှေ့နေကြရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။ ရောင်းလိုအားနဲ့ ဝယ်လိုအားမမျှတဲ့ သဘာဝကြောင့် အိမ်ခြံမြေ ဈေးတက်နေရတာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်အကြောင်း တစေ့တစောင်း ကို ဒီသတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍအဖြစ် ဒေါ်ခင်စိုးဝင်းကတင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG