သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ဟောင်ကောင်ကနေ ထွက်ခွာ


Edward Snowden လိုက်လာလာပုံရတဲ့ ဟောင်ကောင် ကနေ မော်စကိုအသွား လေယာဉ်။ (ဇွန်လ ၂၃ ရက်၊ ၂၀၁၃)။
Edward Snowden လိုက်လာလာပုံရတဲ့ ဟောင်ကောင် ကနေ မော်စကိုအသွား လေယာဉ်။ (ဇွန်လ ၂၃ ရက်၊ ၂၀၁၃)။
အမေရိကန်အစိုးရရဲ့ ထောက်လှမ်းရေးလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့သူ Edward Snowden ကိုသယ်ဆောင်သွားတယ်လို့ ယုံကြည်ရတဲ့ လေယာဉ်ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ဆိုက်ရောက်သွားပြီဖြစ်ပါတယ်။

ရုရှားအစိုးရပိုင်သတင်းအေဂျင်စီရဲ့ အပြောအရ Snowden ဟာ ဗင်နီဇွဲလား (Venezuela) နိုင်ငံမှာ နိုင်ငံရေးခိုလှုံဖို့ မော်စကိုကနေ ကျူးဘား (Cuba)၊ အဲဒီကနေမှ ဗင်နီဇွဲလားကိုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
Snowden ဟာ မော်စကို ကနေ တနင်္လာနေ့ကျရင် ကျူးဘားနိုင်ငံ ဟာဗားနား (Havana) မြို့တော်ဆီကို သွားမှာဖြစ်တယ်။

အဲဒီကနေမှာ နောက်ထပ် လေယာဉ်နဲ့ ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ် (Caracas) မြို့တော်ကို သွားမှာဖြစ်တယ်လို့ Aeroflot လေကြောင်းကို ကိုးကားပြီး ITAR-Tass သတင်းအေဂျင်စီက ပြောပါတယ်။

နိုင်ငံရေးခိုလှုံခွင့်တောင်းမယ့် Showden ကို အကူအညီပေးသွားမယ်လို့ ဝီကီလိခ်စ် (Wikileaks) ဝက်ဘ်ဆိုက် ကပြောပါတယ်။ Snowden ကို နိုင်ငံရေးခိုလှုံခွင့်ပေးမယ် မပေးဘူး ဆိုတာနဲ့ပတ်သက်လို့တော့ ဗင်နီဇွဲလားအစိုးရက တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။

အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတွေဟာ ကမ္ဘာတဝန်းက တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်မှုတွေကို စောင့်ကြည့်ထောက်လှမ်းနေတယ် ဆိုတာ ပေါ်လွင်နေတဲ့ အချက်အလက်တွေကို ပြီးခဲ့တဲ့လမှာ Snowden က ဖော်ထုတ်ခဲ့ပြီးနောက် ဟောင်ကောင်မှာ သွားရောက်ပုန်းခိုနေခဲ့ တာဖြစ်ပါတယ်။

အမေရိကန်တရားရေးဌာနက ချိတ်ပိတ်ထားတဲ့ စွဲချက်တွေကို တင်ခဲ့ပြီး၊ ဟောင်ကောင်အာဏာပိုင်တွေကိုလည်း ယာယီဖမ်းဝရမ်းနဲ့ ဖမ်းဆီးပေးဖို့ အမေရိကန်က ပြောကြားခဲ့ပြီးနောက်မှာ ဟောင်ကောင်ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။
XS
SM
MD
LG