သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နဲ့ဆက်ဆံရေး EU ပြန်လည်သုံးသပ်မည်


အီဂျစ်စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြနေကြသူများ။ (သြဂုတ်လ ၁၈ ရက်၊ ၂၀၁၃)။
အီဂျစ်စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြနေကြသူများ။ (သြဂုတ်လ ၁၈ ရက်၊ ၂၀၁၃)။
အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား သွေးထွက်သံယို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အီဂျစ်နိုင်ငံနဲ့ ဆက်ဆံရေးကို အရေးတကြီး ပြန်လည် သုံးသပ်ဖို့ ဥရောပသမဂ္ဂ အီးယူက ဆုံးဖြတ်လိုက်ပါတယ်။

ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပစ်ပယ်မထားနိုင်သလို သွေးထွက် သံယို ပဋိပက္ခတွေကိုလည်း လက်မခံနိုင်တဲ့အကြောင်း ဥရောပကော်မရှင်နဲ့ ဥရောပကောင်စီ အကြီးအကဲတွေက တနင်္ဂနွေနေ့မှာ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြတာပါ။

သွေးထွက်သံယို ပဋိပက္ခတွေ အဆုံးသတ်ရေးမှာ စစ်တပ်နဲ့ ယာယီအစိုးရတို့က အဓိက တာဝန်ရှိတဲ့အကြောင်းလည်း အီးယူ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဟိုဆေး မန်နျူရယ်ဘာရိုးဆိုး နဲ့ ဟာမန်း ဘန်ရွန်ပေ တို့က ပြောဆိုခဲ့ပါတယ်။ သွေးထွက် သံယို ပဋိပက္ခတွေက ဒေသတခုလုံးကို ရိုက်ခတ်နိုင်တဲ့အကြောင်းလည်း သတိပေး ခဲ့ကြပါတယ်။

စနေနေ့မှာတုန်းကတော့ လစ်ဗျားနိုင်ငံအရှေ့ဘက်က ဘန်ဂါဇီမြို့မှာ ရှိတဲ့ အီဂျစ် ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ အရပ်သား ဆန္ဒပြသူတွေအပေါ် အီဂျစ်စစ်တပ်က ဖြိုခွဲခဲ့တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့ အနေနဲ့ လည်း အရှေ့အလယ်ပိုင်းနဲ့ အာရှနိုင်ငံတချို့မှာ အစ္စလာမ်ဝါဒီတွေ အပါအဝင် တက်ကြွသူတွေက ဆန္ဒပြပွဲတွေကို ကျင်းပခဲ့ကြပါတယ်။
XS
SM
MD
LG