သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ခရီးသည်တင်လေယာဉ် ပြန်ပေးဆွဲ ခံရ


အီဂျစ် ခရီးသည်တင်လေယာဉ် ပြန်ပေးစွဲ ခံရ
အီဂျစ် ခရီးသည်တင်လေယာဉ် ပြန်ပေးစွဲ ခံရ

အီဂျစ်ခရီးသည်တင်လေယာဉ်တစီးကို စီးနင်းပြီး ဆိုက်ပရပ်စ်နိုင်ငံမှာ ဆင်းသတ်ခိုင်းခဲ့တဲ့သူကို ဖမ်းဆီးရမိထားပြီ ဖြစ်ပြီး အခုဆိုရင် အခြေအနေအားလုံး ပြီးသွားပါပြီလို့ Cyprus နိုင်ငံ အရာရှိတွေက ပြောပါတယ်။

ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းအားလုံး ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့ ဆိုက်ပရပ်စ်အစိုးရပြောခွင့်ရ Nikos Christodoulides က စီးနင်းခံရတဲ့လေယာဉ် Larnaca လေဆိပ်ကို အင်္ဂါနေ့က ဆင်းသက်ခဲ့ပြီး နာရီပိုင်းအကြာမှာ တွီတာလူမှုကွန်ရက်ကနေ ပြောသွားတာပါ။ လေယာဉ်ကိုစီးနင်းခဲ့သူဟာ Seif el-Din Mustafa ဖြစ်တယ်လို့ ဆိုက်ပရပ်စ်နဲ့ အီဂျစ်အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ သူ ဘာကြောင့် အခုလို အီဂျစ်လေယာဉ်ကို စီနင်းခဲ့တာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လေယာဉ်ဟာ အီဂျစ်နိုင်ငံ Alexandria မြို့ကနေ Cairo မြို့ကိုအသွား လမ်းမှာ စီးနင်းခံရတာပါ။ အခု လေယာဉ်စီးနင်းမှုဟာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်မှု မရှိဘူးလို့ ဆိုက်ပရပ်စ် နိုင်ငံ သမ္မတ Nicos Anastasiades က ပြောပါတယ်။

XS
SM
MD
LG