သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ယာယီဝန်ကြီးချုပ်သစ် ခန့်အပ်


ကြားဖြတ်အစိုးရသမ္မတ Adly Mansour (ညာ) နဲ့ ယာယီဝန်ကြီးချုပ်သစ် Hazem el-Biblawi (ဘယ်) တို့ တွေ့ဆုံစဉ် (၉ ဇူလိုင် ၂၀၁၃)
ကြားဖြတ်အစိုးရသမ္မတ Adly Mansour (ညာ) နဲ့ ယာယီဝန်ကြီးချုပ်သစ် Hazem el-Biblawi (ဘယ်) တို့ တွေ့ဆုံစဉ် (၉ ဇူလိုင် ၂၀၁၃)
အီဂျစ်နိုင်ငံမှာ ရာထူးက ထွက်ခဲ့ရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံသူတွေနဲ့ မူဆလင် ညီအကိုတော်များအဖွဲ့က ကန့်ကွက်နေတဲ့ကြားကပဲ ကြားဖြတ်အစိုးရ သမ္မတက အသွင်ကူးပြောင်းရေး အစိုးရတရပ်ဖွဲ့စည်းဖို့ အစီအစဉ်တွေကို တွန်းအားပေးနေပါတယ်။ ကြားဖြတ်အစိုးရသမ္မတ Adly Mansour က စီးပွားရေး ပညာရှင် Hazem el-Biblawi ကို ကြားဖြတ် အစိုးရသစ်ရဲ့ ဝန်ကြီးချုပ်ခန့်အပ်ဖို့ အဆိုပြုနေတာ ဖြစ်ပါတယ်။

အင်္ဂါနေ့ကထုတ်တဲ့ ကြေညာချက်မှာ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်နဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Mohammad Dlbaradei ကို ဒုတိယသမ္မတ ခန့်အပ်ဖို့ အဆိုပြုပါတယ်။ အစောပိုင်းကတော့ ရွေးကောက်ပွဲအသစ် ကျင်းပဖို့နဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတဲ့ ကြားဖြတ်အစိုးရရဲ့ အစီအစဉ်ဟာ သူတို့နဲ့မဆိုင်ဘဲ၊ ဒီအစီအစဉ်ကို လက်မခံဘူးလို့ မူဆလင်ညီအကိုတော်များအဖွဲ့က ပြောခဲ့ပါတယ်။

အဖွဲ့ရဲ့ ဝါရင့်ခေါင်းဆောင် Essam el Erian ရဲ့ Face Book လူမှုကွန်ရက် စာမျက်နှာပေါ်က ကြေညာချက်မှာ သမ္မတ Mansour ဟာ ဥပဒေပြု အာဏာကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ သမ္မတဟောင်း မော်စီရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် စစ်တပ်က အစ္စလာမ်တွေ မူကြမ်းရေးဆွဲတဲ့ အခြေခံဥပဒေကို ရုတ်သိမ်းပြီး မစ္စတာမော်စီ ကို ရာထူးက ဖြုတ်ချခဲ့ပါတယ်။

အဲ့ဒီနောက် သီတင်းတပတ်လောက်အကြာမှာ အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ဆက်ပြီး တင်းမာနေတာ ဖြစ်ပါတယ်။ လူ ၅၁ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ တနင်္လာနေ့က အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ မူဆလင် ညီအကိုတော်အဖွဲ့တို့ တဘက်နဲ့ တဘက် အပြန်အလှန် အပြစ်တင်နေကြတာ ဖြစ်ပါတယ်။

မော်စီအပေါ် ထောက်ခံသူတွေကို စစ်တပ်က စပြီး ပစ်ခတ်တယ်လို့ မူဆလင် ညီအကိုတော်အဖွဲ့က ပြောဆိုပြီး၊ အကြမ်းဖက်သမားတွေက ကိုင်ရိုက စစ်ဌာနချုပ်တွေကို စီးနင်းတိုက်ခိုက်မှု စပြီး လုပ်ခဲ့လို့ စစ်တပ်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ စစ်တပ်တာဝန်ရှိသူတွေဘက်က ပြောဆိုပါတယ်။
XS
SM
MD
LG