သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်စစ်သွေးကြွလက်ချက် အီဂျစ်ရဲ ၁၃ ဦးသေ


Map of el-Arish, Sinai Peninsula
Map of el-Arish, Sinai Peninsula

အီဂျစ်နိုင်ငံ Saini ကျွန်းဆွယ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တခုကို အစ္စလာမ်စစ်သွေးကြွတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးသွားတယ်လို့ အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။
မြောက် Saini ကျွန်းဆွယ်ရဲ့ ခရိုင်မြို့တော် El-Arish မှာရှိတဲ့ အဲဒီ စစ်ဆေးရေးဂိတ်ကို မော်တာတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း IS အစ္စလာမ်စစ်သွေးကြွအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အဲဒီစစ်ဆေးရေးဂိတ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကားဗုံးနဲ့ အသေခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလတုန်းကလည်း El-Arish မြို့လယ်ခေါင်မှာ စစ်သွေးကြွတွေက အလားတူ တိုက်ခိုက်မှုမျိုး ပြုလုပ်ခဲ့တဲ့အတွက် အနဲဆုံး ၅ ဦး သေဆုံးခဲ့တာပါ။
Saini ဒေသမှာ လွန်ခဲ့တဲ့ နှစ်အနဲငယ်ကတည်းက အစ္စလာမ်မစ် သောင်းကျန်းသူတွေရဲ့ လှုပ်ရှားမှု အတန်အသင့် ရှိခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်အတွင်း မြို့တော် ကိုင်ရိုနဲ့ တခြားဒေသတွေမှာ လူထု ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အစ္စလာမ်ဝါဒီ သမ္မတ Mohammed Morsi ကို စစ်တပ်က ရာထူးကဖြုတ်ချပြီးတဲ့နောက်မှာ အရှိန်မြင့် ဖြစ်ပေါ်လာခဲ့တာပါ။
အဆိုးရွားဆုံး တိုက်ခိုက်မှုကတော့ မနှစ် အောက်တိုဘာလတုန်းက ရုရှားပိုင် လေကြောင်းလိုင်းတခုကို စစ်သွေးကြွတွေက ပစ်ချလိုက်တဲ့အတွက် လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Saini အခြေစိုက် IS အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ အဖွဲ့က ပြောပါတယ်။

XS
SM
MD
LG