သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင်ညီအကိုတော်များအဖွဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ အီဂျစ်အမိန့်ထုတ်


မူဆလင်ညီအကိုတော်များအဖွဲ့ခေါင်းဆောင် Mohamed Badie စကားပြောနေစဉ် (၈ ဒီဇင်ဘာ ၂၀၁၂)
မူဆလင်ညီအကိုတော်များအဖွဲ့ခေါင်းဆောင် Mohamed Badie စကားပြောနေစဉ် (၈ ဒီဇင်ဘာ ၂၀၁၂)
အီဂျစ်ကြားဖြတ်အစိုးရ ဝန်ကြီးချုပ်က အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့မှာ မူဆလင် ညီအကိုတော်များအဖွဲ့ ပါဝင်နိုင်ရေး ကမ်းလှမ်းဖို့ စီစဉ်နေချိန်မှာ အစိုးရရှေ့နေချုပ်က မူဆလင် ညီအကိုတော်များ ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

မူဆလင် ညီအကိုတော်များအဖွဲ့ ဥသျှောင်အကြံပေးပုဂ္ဂိုလ် Mohammed Badie၊ သူ့ရဲ့ လက်ထောက်တွေထဲက တဦးနဲ့ တခြား ၈ ဦးကို ရှေ့နေချုပ်ရုံးက ဖမ်းဝရမ်း ထုတ်လိုက်တာ ဖြစ်တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်လိုက်တာပါ။

ဒီသီတင်းပတ်တွင်း ကိုင်ရိုမြို့ တော်လှန်ရေး ပြည်စောင့်တပ် ဌာနချုပ်ရှေ့က လူ ၅၀ ကျော် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှု ဖြစ်ပွားအောင် မူဆလင်ညီအကိုတော် များအဖွဲ့ ခေါင်းဆောင်တွေက သွေးထိုးလှုံ့ဆော်ခဲ့ကြတယ်လို့ သံသယရှိတဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

မူဆလင် ညီအကိုတော်များအဖွဲ့ ပြောခွင့်ရသူ Gehad El-Haddad ကတော့ အီဂျစ်ရဲတွေရဲ့ မရိုးနိုင်တဲ့ နည်းလမ်းဟောင်းတွေသာဖြစ်တယ်။ သူ့ကိုလည်း နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲဆိုထားတယ်လို့ Twiiter ကတဆင့် တုံ့ပြန်လိုက်ပါတယ်။

တချိန်တည်းမှာဘဲ ကြားဖြတ်အစိုးရ ဝန်ကြီးချုပ်သစ် Hazem el-Biblawi ဟာ အစိုးရဝန်ကြီးအဖွဲ့ ဖွဲ့စည်းဖို့ ဒီကနေ့ စတင် ဆောင်ရွက်နေပါပြီ။ မူဆလင် ညီအကိုတော်များပါတီနဲ့ အစ္စလာမ်မစ် Nour ပါတီတွေကိုလည်း အစိုးရအဖွဲ့မှာ ပါဝင်နိုင်ရေးအတွက် ကမ်းလှမ်းမယ့် အစီအစဉ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မူဆလင် ညီအကိုတော်များအဖွဲ့ကတော့ ကြားဖြတ်အစိုးရ ဖွဲ့စည်းတာကို ကန့်ကွက်လိုက်ပြီး သမ္မတမော်စီကို ရာထူး ပြန်လည်အပ်နှင်းဖို့ တောင်းဆိုနေပါတယ်။
XS
SM
MD
LG