သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်အခြေခံဥပဒေသစ်အတွက် ဆန္ဒခံယူပွဲ ကျင်းပမည်


အီဂျစ်သမ္မတ မိုဟာမက်မော်စီ။
အီဂျစ်သမ္မတ မိုဟာမက်မော်စီ။
အီဂျစ်နိုင်ငံမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ရတဲ့ အခြေခံ ဥပဒေသစ်အပေါ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒခံယူပွဲ တခုကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပဖို့ သမ္မတ Mohamed Morsi က ကြေညာလိုက်ပါတယ်။ အစ္စလာမ်ဝါဒီတွေ အများစု ထိန်းချုပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရေးအဖွဲ့က အပြီးသတ်မူကြမ်းကို စနေနေ့နှောင်းပိုင်း ပေးအပ်ခဲ့ပြီး နောက်မှာပဲ သမ္မတက ကြေညာလိုက်တာပါ။

အခြေခံဥပဒေ မူကြမ်းထဲမှာတော့ အစ္စလာမ် ဥပဒေတွေကို အဓိက အခြေခံ ရေးဆွဲထားတာ ဖြစ်ပါတယ်။ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖျက်သိမ်းသင့် မသင့် အီဂျစ်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တရားရေး အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ဖို့ ရှိနေချိန်မှာပဲ မူကြမ်းကို မဲပေး အတည်ပြုခဲ့တာပါ။ စနေနေ့ အစောပိုင်းမှာတော့ သမ္မတနဲ့ အခြေခံ ဥပဒေမူကြမ်းကို ထောက်ခံသူ ထောင်သောင်း ချီပြီး နိုင်ငံအနှံ့ ဆန္ဒပြခဲ့ကြပါတယ်။

ဘုရားသခင်ရဲ့ ဥပဒေအဖြစ် ရည်ညွှန်းသုံးနှုန်းပြီး အခြေခံဥပဒေကို အကောင်အထည် ဖော်ဖို့ အလံတွေ နဖူးစည်း စာတမ်းတွေ ကိုင်ဆောင်ပြီး ကိုင်ရိုတက္ကသိုလ် အပါအဝင် နေရာ အတော်များများ မှာ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ တချိန်တည်းမှာပဲ သမ္မတနဲ့ အခြေခံ ဥပဒေကို ဆန့်ကျင်သူ ထောင်ပေါင်းများစွာ ကလည်း မြို့တော်မှာရှိတဲ့ Tahrir ရင်ပြင်မှာ ၉ ရက်ဆက်တိုက်အဖြစ် စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ အကြွင်းမဲ့နီးပါး လုပ်ပိုင်ခွင့်အာဏာ ရယူထားတဲ့ သမ္မတကို ဆန့်ကျင်ကြောင်းလည်း ဆန္ဒပြသူတွေက ပြောခဲ့ကြပါတယ်။
XS
SM
MD
LG