သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတ ရာထူးက ဆင်းပေးဖို့ ငြင်းဆန်


အီဂျစ်နိုင်ငံမှာ သမ္မတက ရာထူးကဆင်းပေးဖို့ လူအမြောက်အများက တောင်းဆိုနေကြပေမဲ့ သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) ကတော့ သူရာထူးက ဆင်းပေးမှာ မဟုတ်ဘူးလို့ ခပ်တင်းတင်းပဲ ကြေညာသွားပါတယ်။ သူဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကပဲ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ သမ္မတ ဖြစ်တယ်လို့ သမ္မတ မော်စီက အစိုးရ ရုပ်မြင်သံကြားကနေ အင်္ဂါနေ့ညကပဲ ပြောသွားခဲ့တာပါ။

သူဟာ သူ့ရဲ့ လုပ်ရိုးလုပ်စဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တာဝန်တွေကို ပုံမှန်အတိုင်းပဲ ဆက်ပြီးတော့ ထမ်းဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ နိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခမှာ စစ်တပ်က ကြားဝင်မယ်လို့ ခြိမ်းခြောက်ထားတာကို ရုပ်သိမ်းပေးပါလို့လည်း မစ္စတာမော်စီ က တောင်းဆိုပါတယ်။

စစ်တပ်ကတော့ နိုင်ငံရေး ကွဲပြားနေမှုတွေကို သမ္မတမော်စီနဲ့ သူ့ကိုဆန့်ကျင်သူတွေ ဗုဒ္ဓဟူးနေ့ ရောက်လို့မှ မဖြေရှင်းပေးနိုင်ရင်တော့ အီဂျစ်ရဲ့အနာဂတ်အတွက် စစ်တပ်က လမ်းပြမြေပုံတစ်ခု ထုတ်ပြန်မယ်လို့ သတိပေးထားပါတယ်။

စစ်တပ်အရာရှိတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆိုင်းငံ့ပြီး၊ လွှတ်တော်ကို ဖျက်သိမ်းမယ်၊ ကြားဖြတ်အစိုးရတရပ် ထူထောင်မယ်ဆိုပြီး အီဂျစ်အစိုးရရုပ်သံနဲ့ တခြားသတင်းဌာနတွေကို ပေါက်ကြားခဲ့တဲ့ စစ်တပ်ရဲ့ လမ်းပြမြေပုံ တစိတ်တပိုင်းမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG