သုံးရလွယ်ကူစေသည့် Link များ

အီဂျစ်အာဏာသိမ်းမှုဂယက် ကမ္ဘာ့စီးပွားရေးရိုက်ခတ်


စစ်အာဏာသိမ်းကြောင်း အီဂျစ်စစ်ဦးစီးချုပ် ကြေညာနေစဥၤ (၃ ဇူလိုင် ၂၀၁၃)
စစ်အာဏာသိမ်းကြောင်း အီဂျစ်စစ်ဦးစီးချုပ် ကြေညာနေစဥၤ (၃ ဇူလိုင် ၂၀၁၃)
အီဂျစ်နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်ပြီးဖြစ်ပေါ်နေတာနဲ့ ပေါ်တူဂီနိုင်ငံ က ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကံကြမ္မာ မရေမရာဖြစ်နေတာတွေကြောင့် ဗုဒ္ဓဟူးနေ့က အာရှနဲ့ ဥရောပ ဈေးကွက်တွေမှာ ကျဆင်းနေတာ တွေ့ရပါတယ်။

နယူးယောက်ခ်ဈေးကွက်မှာလည်း ရေနံစိမ်းတစည်ကို ၁၀၂ ဒေါ်လာဖြစ်သွားတာမို့ ဒါဟာ ၁၄ လအတွင်းမှာ အမြင့်ဆုံး ရေနံဈေးပါ။ အီဂျစ်နိုင်ငံရေး မတည်ငြိမ်မှုကနေ အရှေ့အလယ်ပိုင်းဒေသက ရေနံတင်ပို့ရာမှာ အဓိကလမ်းကြောင်းအဖြစ် သုံးတဲ့ ဆူးအက်တူးမြောင်း ပိတ်ဆို့မှုတွေ ဖြစ်မှာကို ရေနံရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြပါ တယ်။

ဟောင်ကောင် Hang Seng ဈေးကွက်လည်း ၂ ဒဿမ ၅ အထိ ကျဆင်းသွား
သလို၊ လန်ဒန် Frankfurt နဲ့ ပြင်သစ်ဈေးကွက်တွေမှာလည်း ၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာပါ။

အမေရိကန်ဈေးကွက်တွေကတော့ ကြာသပတေးနေ့ လွတ်လပ်ရေးအကြို ဈေး ကွက်စောစောပိတ်လိုက်ချိန်မှာ မဆိုစလောက်ပဲ အစုရှယ်ယာဈေးတွေ တက်ခဲ့ပါ တယ်။

အခုလို ကမ္ဘာ့ဈေးကွက်တွေ ကမောက်ကမ ဖြစ်နေချိန်မှာ ကမ္ဘာ့စီးပွားရေးဈေး ကွက်မှာ ဒုတိယအကြီးမားဆုံး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက စီးပွားရေးအထ နှေး
နေသလို ဥရောပမှာ စီးပွားရေး ဆက်ပြီး ကျဆင်းနေတာကြောင့် အခြေအနေဟာ ပိုပြီးတော့ ဆိုးနေတာပါ။ ဒီအခြေအနေမှာ အမေရိကန်နိုင်ငံက
သောကြာနေ့ထုတ်မယ့် အလုပ်အကိုင် အခွင့်အလန်းဆိုင်ရာ အစီရင်ခံစာမှာ အခြေအနေမကောင်းမှာကို စီးပွားရေးလုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။

တရုတ်နိုင်ငံက ဝန်ဆောင်မှုကဏ္ဍတွေနဲ့ စက်မှုလုပ်ငန်းတွေရဲ့ အခြေအနေက
တော့ လွန်ခဲ့တဲ့ ၉ လကတည်းက ကျဆင်းနေတာဖြစ်ပြီး၊ ဇွန်လထဲမှာတော့ အနိမ့်ဆုံးအနေအထား ဖြစ်ခဲ့တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။
XS
SM
MD
LG