သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား


တနင်္ဂနွေနေ့ အစောပိုင်းက ၂၀၁၁ ခုနှစ်က အီဂျစ်သမ္မတ မူဘာရတ်ကို ဖြုတ်ချခဲ့တဲ့ လူထု အုံကြွမှု အစပျိုးခဲ့ရာ မြို့တော်ကိုင်ရိုက Tahrir ရင်ပြင်မှာ ဆန္ဒပြသူတွေ စုရုံးပြီး ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ လက်ရှိသမ္မတ မော်စီရဲ့ လုပ်ပိုင်ခွင့် အာဏာ တိုးမြှင့် လိုက်တာကို ဆန္ဒပြခဲ့တဲ့ ၃ ရက်မြောက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ သုံးပြီး ပစ်ခတ်နှိမ်နင်းခဲ့ကြပါတယ်။

တရားဥပဒေ လုပ်ပိုင်ခွင့်ကို ကျော်လွန်တိုးမြှင့်လိုက်တဲ့ သမ္မတမော်စီရဲ့ လုပ်ပိုင်ခွင့် အာဏာသစ်နဲ့အတူ အထက်လွှတ်တော် စုရုံးခွင့်နဲ့ အခြေခံဥပဒေအသစ် ရေးသားခွင့်တွေကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အစ္စလာမ် အဖွဲ့တွေကို အကာအကွယ်ပေးတဲ့ အာဏာကိုလည်း တိုးချဲ့လိုက်တာ ဖြစ်ပါတယ်။ တရားရေးဆိုင်ရာ စဉ်းစားဆုံးဖြတ်ခွင့်ကို ကျော်လွန် လုပ်ပိုင်ခွင့်ပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာအသစ်ကိစ္စ ဆွေးနွေးဖို့အတွက် သမ္မတ မိုဟာမက်မော်စီ ဟာ ဒီကနေ့ တနင်္လာနေ့မှာ နိုင်ငံရဲ့ အမြင့်ဆုံး တရားရေးအာဏာပိုင်တွေနဲ့ တွေ့ဆုံမယ်လို့ အီဂျစ် နိုင်ငံပိုင်သတင်းတွေက ဖော်ပြကြပါတယ်။

တနင်္ဂနွေနေ့ ကတော့ အီဂျစ်နိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့ ညှိနှိုင်းဆွေးနွေးကြမှာ ဖြစ်တယ်လို့ နှစ်ဘက်စလုံးက ပြောဆိုပါတယ်။ သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာသစ်ဟာ နိုင်ငံအချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ ကိစ္စတွေအတွက်သာ သုံးသင့်တယ်လို့ ဗဟိုတရားရေးကောင်စီက ပြောဆိုပါတယ်။ ဒီအဖွဲ့ရဲ့ ကြေညာချက်ကို ရုပ်မြင်သံကြား ကနေ ဖော်ပြရာမှာတော့ အတိအကျ တင်ပြတာမျိုး မရှိပေမဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်လို့ တိုက်ရိုက်ပယ်ချတာမျိုး မရှိပါဘူး။ တရားသူကြီးတွေနဲ့ အစိုးရရှေ့နေတွေ အပါအဝင် သပိတ်မှောက် ဆန္ဒပြသူတွေ အလုပ်ခွင် ပြန်ဝင်ကြဖို့ကိုလည်း ဒီကြေညာချက်က တိုက်တွန်းလိုက်ပါတယ်။
သမ္မတမော်စီကတော့ ဒါဟာ ယာယီသာဖြစ်ပြီး သူ့အနေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်မှာပါလို့ ထပ်တလဲလဲ ကတိပြု ပြောဆိုခဲ့ပါတယ်။

အီဂျစ်နိုင်ငံရဲ့ အစုရှယ်ယာ ဈေးကွက်မှာတော့ လမ်းမပေါ်ဆန္ဒပြမှုတွေ ဖြစ်ချိန်ကစလို့ စနေနေ့ ဈေးဖွင့်ချိန်မှာ ဈေးမငြိမ်ဘဲ ၁၀ ရာခိုင်နှုန်းလောက် အတက်အကျ ဖြစ်သွားခဲ့ပါတယ်။ မနှစ်က သမ္မတဟောင်း မူဘာရက် ရာထူးက ဖြုတ်ချခံရပြီးကတည်းက ဖြစ်ခဲ့တဲ့ မတည်ငြိမ်မှုတွေထဲမှာ အကြီးမားဆုံးလို့ဆိုရမယ့် ငွေလဲနှုန်း ဆုံးရှုံးမှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
XS
SM
MD
LG