သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတအိမ်တော် အကာအရံ ဆန္ဒပြသမားတွေချိုးဖောက်


အီဂျစ်သမ္မတအိမ်တော်ရှေ့ ဆန္ဒပြအီဂျစ်ပြည်သူများ
အီဂျစ်သမ္မတအိမ်တော်ရှေ့ ဆန္ဒပြအီဂျစ်ပြည်သူများ
အီဂျစ်သမ္မတ မိုဟာမက် မော်စီကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ကိုင်ရိုမြို့က သမ္မတအိမ်တော်ပတ်လည်မှာ ကာထားတဲ့ သံဆူးကြိုးတွေကို ဖြတ်ကျော် ဝင်ရောက်သွားကြပြီ ဖြစ်ပါတယ်။

စစ်တပ်တင့်ကားတွေ စောင့်ကြပ်နေတဲ့ သမ္မတအိမ်တော်ရဲ့ ပင်မ အဝင်ဝကို ဆန္ဒပြသူတွေ ဖြတ်ကျော် သွားမသွား ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ သောကြာနေ့တနေ့လုံး ကိုင်ရိုမြို့အနှံ့မှာ သမ္မတမော်စီကို ဆန့်ကျင်သူတွေ နဲ့ ထောက်ခံသူတွေရဲ့ ဆန္ဒပြ ချီတက်ပွဲတွေနဲ့ ပြည့်နေပါတယ်။

သမ္မတမော်စီကို ထောက်ခံသူတွေဟာ Al-Azhar ဗလီကျောင်းမှာ အခုသီတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း သေဆုံးခဲ့သူ ၂ ဦးရဲ့ ဈာပနကို တက်ရောက်ခဲ့ကြပါတယ်။ သမ္မတကို ထောက်ခံသူအများစုဟာ မူဆလင်ညီအကိုတော်များအဖွဲ့က ဖြစ်ပါတယ်။

သမ္မတကို ဆန့်ကျင်သူတွေအနေနဲ့ သူတို့ရဲ့ဆန္ဒပြပွဲတွေ အဆုံးသတ်မယ့်အရိပ်အရောင်တောင် မပြသေးဘူးလို့ ကိုရိုမြို့က ဗွီအိုအေသတင်းထောက် Elizabeth Arrott က ပြောပါတယ်။

အီဂျစ်သမ္မတမော်စီကို ကန့်ကွက်ဆန္ဒပြသူတွေနဲ့ ထောက်ခံသူတွေဟာ ကိုင်ရိုမြို့လမ်းမတွေတလျှောက် ချီတတ်ဆန္ဒပြနေကြရာမှာ၊ မနေ့က သမ္မတအိမ်တော်မှာ နှစ်ဖွဲ့အုပ်စုတွေ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
XS
SM
MD
LG