သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဖွဲ့စည်းပုံအသစ်အတွက် လူထုဆန္ဒခံယူပွဲကျင်းပ


အီဂျစ်နိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ဆန္ဒခံယူပွဲအတွက် ပြည်သူတွေ အင်္ဂါနေ့က တန်းစီ စောင့်စား မဲပေးခဲ့ကြပါတယ်။ ဒီဖွဲ့စည်းပုံသစ်ကို စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ကြားဖြတ်အစိုးရက ရေးဆွဲထားတာဖြစ်ပါတယ်။

၂ ရက်ကြာမယ့် ဆန္ဒခံယူပွဲအတွက် ရဲနဲ့ စစ်သား ထောင်နဲ့ချီကို နိုင်ငံတဝှမ်းမှာ ဖြန့်ချထားပါတယ်။ ဒီကြားထဲကပဲ ဖြုတ်ချခံရတဲ့ သမ္မတဟောင်း Mohamed Morsi ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား အကြမ်းဖက်မှုတွေဖြစ်ခဲ့လို့ ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

အခုဖွဲ့စည်းပုံသစ်ကို ပြည်သူတွေ ထောက်ခံခဲ့ရင် သမ္မတမော်စီလက်ထက် ၂၀၁၂ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ အစ္စလာမ်ဝါဒီတွေ လိုလားတဲ့ ဖွဲ့စည်းပုံ ပယ်ပျက်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံကို ဆန္ဒခံယူတော့ မဲဆန္ဒရှင် ၃၀ လောက်ပဲ လာရောက်မဲပေးခဲ့ကြပါတယ်။

သမ္မတမော်စီကို လိုလားတဲ့ Muslim Brotherhood လှုပ်ရှားမှုအဖွဲ့က အခု မဲဆန္ဒခံယူနေတဲ့ ဖွဲ့စည်းပုံဟာ တရားမဝင် ဖြစ်တယ်လို့ ပြောပြီး ကန့်ကွက်ကြဖို့ အီဂျစ်ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

ဆန္ဒခံယူနေတဲ့ ဖွဲ့စည်းပုံသစ်မှာ အစ္စလာမ်ဘာသာ လွှမ်းမိုးတဲ့ အသုံးအနှုန်းတွေကို ပယ်ဖျက်ထားပြီး အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ ပိုပေးထားသလို စစ်တပ် လုပ်ပိုင်ခွင့်ကိုလည်း ပိုခိုင်မာအောင် ရေးဆွဲထားပါတယ်။
XS
SM
MD
LG