သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်ညီအကိုတော်ရုံး ဆန္ဒပြသူတွေဝင်စီး


 သေဆုံးခဲ့ရသူလူငယ်အလောင်းကို သယ်ဆောင် ဆန္ဒပြနေကြတဲ့ အီဂျစ်ပြည်သူများ
သေဆုံးခဲ့ရသူလူငယ်အလောင်းကို သယ်ဆောင် ဆန္ဒပြနေကြတဲ့ အီဂျစ်ပြည်သူများ
အီဂျစ်သမ္မတ မိုဟာမက်မော်စီ ရဲ့ အတိုက်အခံတွေဟာ နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ မူဆလင်ညီအကိုတော်တွေရဲ့ ရုံးခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီးတော့ လေးဆယ်လောက်ဒဏ်ရာရခဲ့ပါတယ်။
မူဆလင် ညီအကိုတော်တွေ အဖွဲ့ခေါင်းဆောင်တွေရဲ့အဆိုအရ သေဆုံးသူဟာ အသက်
၁၅နှစ်အရွယ် အစ္စလာမ်လူငယ်တစ်ဦးဖြစ်ပြီးတော့ တနင်္ဂနွေနေ့က Damanhoor ဒါမာဟဝါမြို့က
ပဋိပက္ခတွေမှာ ဘယ်လိုသေဆုံးခဲ့ရတယ်လို့ အတိအကျတော့ မသိရသေးပါဘူး။

သမ္မတမော်စီရဲ့ လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်ယူလိုက်တဲ့အပေါ်မှာ လမ်းပေါ်
ဆန္ဒပြမှုတွေ စဖြစ်ချိန်ကစလို့ အခုဆယ်ကျော်သက်လူငယ် သေဆုံးမှုဟာ
ပထမဆုံး လူသေမှုဖြစ်ပါတယ်။ ကိုင်ရိုမြို့တော် တဟီရာ ရင်ပြင် (Tahrir
Square) မှာ စတုတ္ထနေ့မြောက် အဖြစ်တနင်္လာနေ့က တက်ကြွလှုပ်ရှားသူတွေ
တဲထိုးပြီးတော့ ဆန္ဒပြဖော်ထုတ်ကြပါတယ်။ ဆန္ဒပြသူတွေရဲ့
အနီးတစ်ဝိုက်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြားမှာ ရံဖန်ရံခါ
တိုက်ခိုက်မှုတွေဖြစ်ပြီးတော့
လမ်းပေါ် ယာဉ်ကြောပိတ်ဆို့မှုတွေလည်းဖြစ်ခဲ့ပါတယ်။

ဒီပဋိပက္ခကြောင့် အစုရှယ်ယာဈေးကွက်မှာ တနင်္ဂနွေနေ့က ဈေးအတက်အကျ ဆယ်ရာခိုင်နှုန်းလောက်ဖြစ်ပွါးခဲ့ပါတယ်။ သမ္မတမော်စီဟာ ဥပဒေကိုကျော်လွန်ပြီးတော့
နိုင်ငံ့အာဏာချုပ်ကိုင်မှု ထပ်တိုးလိုက်တဲ့အပေါ် ပြည်သူတွေ မကျေမနပ်
ဆန္ဒပြနေချိန်မှာ သမ္မတဟာ နိုင်ငံအမြင့်ဆုံးတရားရေးကောင်စီ နဲ့တွေ့ဆုံခဲ့ပါတယ်။ တရားရေးကောင်စီက သမ္မတမော်စီ သူ့ကိုယ်သူ အပ်နှင်းလိုက်တဲ့ အမြင့်ဆုံးအာဏာကို ဥပဒေအရ ကန့်သတ်နိုင်ဖို့ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ သမ္မတကို ထောက်ခံသူတွေ နဲ့ ဆန့်ကျင်သူ
နှစ်ဘက်စလုံးဟာ မြို့တော်ကိုင်ရိုမှာ အင်္ဂါနေ့က လူထုစီတန်း လမ်းလျှောက်မှုတွေ အပြိုင်အဆိုင်လုပ်ကြပါတယ်။
XS
SM
MD
LG