သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတ အာဏာချုပ်ကိုင်မှုအပေါ် ဆန္ဒပြမှု ပိုပြင်းထန်


အကြွင်းမဲ့အာဏာကို ကိုယ်တိုင်ပြန်လည်အပ်နှင်းတဲ့ အီဂျစ်သမ္မတ မိုဟာမက် မော်စီကို ဆန့်ကျင်ကန့်ကွက်သည့် တာဟီရာရင်ပြင်က ဆန္ဒပြနေသူများ။ (နိုဝင်ဘာ ၂၇၊ ၂၀၁၂။)
အကြွင်းမဲ့အာဏာကို ကိုယ်တိုင်ပြန်လည်အပ်နှင်းတဲ့ အီဂျစ်သမ္မတ မိုဟာမက် မော်စီကို ဆန့်ကျင်ကန့်ကွက်သည့် တာဟီရာရင်ပြင်က ဆန္ဒပြနေသူများ။ (နိုဝင်ဘာ ၂၇၊ ၂၀၁၂။)
အီဂျစ်သမ္မတ မိုဟာမက်မော်စီက သူ့ကိုယ်သူ တိုးမြှင့်ပေးအပ်လိုက်တဲ့ လုပ်ပိုင်ခွင့်အာဏာဟာ အခြေခံအားဖြင့် ဆက်လက် တည်ရှိနေဆဲ ရှိမှာဖြစ်ကြောင်း နိုင်ငံရဲ့ထိပ်တန်းတရားသူကြီးတွေကို ပြောဆိုလိုက်ပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ သမ္မတကို ဆန့်ကျင်သူတွေဟာ ကိုင်ရိုမြို့၊ တာဟီရာရင်ပြင်မှာ ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြကြသူတွေ အရေအတွက် တိုးလာနိုင်တယ်လို့ VOA ကိုင်ရိုသတင်းထောက် Elizabeth Arrot က ပြောပါတယ်။ ဆန္ဒပြသူတွေဟာ သမ္မတမော်စီ ဆန့်ကျင်ရေး၊ မွတ်ဆလင် ညီအကိုတော်များ အဖွဲ့အစည်းကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ကြွေးကြော်နေကြပါတယ်။ အာဏာကြီးမားတဲ့ အစ္စလမ်မစ်အဖွဲ့ကြီးက သမ္မတအပေါ် ထောက်ခံတဲ့ တန်ပြန် ဆန္ဒပြပွဲပြုလုပ်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်တယ်လို့ VOA သတင်းထောက်ကပြောပါတယ်။

သမ္မတရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ အတိုက်အခံတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြနေကြ တာပါ။ မိုဟာမက်မော်စီဟာ သူ့အရင် သမ္မတဟောင်း ဟို့စနီမူဘာရက်လို အာဏာရှင်ပုံစံမျိုး ချိုးလာတာ ဖြစ်ကြောင်း ပြစ်တင်ဝေဖန်သူတွေက ပြောဆိုကြပါတယ်။ ဟို့စနီမူဘာရက်ကို လူထုဆန္ဒပြပွဲတွေနဲ့ ၂၀၁၁ ခုနှစ်မှာ ဖြုတ်ချခဲ့တာပါ။

အင်္ဂါနေ့ စောစောပိုင်းတုန်းက ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူတွေက မီးလောင်ဗုံးတွေ၊ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို ရဲကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အစ္စလမ်မစ်အဖွဲ့က တန်ပြန်ဆန္ဒပြဖို့ အစီအစဉ်ဖျက်သိမ်းလိုက်တဲ့အတွက် တင်းမာမှုလျှော့ကျသွားစေခဲ့တယ်လို့ VOA သတင်းထောက်က ပြောပါတယ်။
XS
SM
MD
LG