သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ် ဂျာဇီးရား သတင်းသမားများ ထောင်ချခံရမှု အမြင်ကွဲ


Al-Jazeera သတင်းထောက်တွေ ဖြစ်ကြတဲ့ အီဂျစ်နဲ့ကနေဒါ နှစ်နိုင်ငံသားခံယူထားသူ Mohamed Fahmy နဲ့ အီဂျစ်နိုင်ငံသား Baher Mohamed
Al-Jazeera သတင်းထောက်တွေ ဖြစ်ကြတဲ့ အီဂျစ်နဲ့ကနေဒါ နှစ်နိုင်ငံသားခံယူထားသူ Mohamed Fahmy နဲ့ အီဂျစ်နိုင်ငံသား Baher Mohamed

Al-Jazeera သတင်းထောက် ၃ ဦးကို စနေနေ့က ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် သတင်းမီဒီယာလွတ်လပ်ခွင့် လှုပ်ရှားသူတွေအကြား အမျက်ဒေါသထွက်ပြီး ဝမ်းနည်းခဲ့ကြပေမယ့် အီဂျစ်နိုင်ငံသားတချို့ကတော့ တိုင်းပြည်လုံခြုံရေးအတွက် ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ ယူဆနေကြပါတယ်။

မမှန်ကန်တဲ့သတင်းတွေ ဖြန့်ချိမှုနဲ့ အီဂျစ်နဲ့ကနေဒါ နိုင်ငံသားနှစ်မျိုး ခံယူထားတဲ့ al-Jazeera သတင်းထောက် Mohamed Fahmy နဲ့ အီဂျစ်နိုင်ငံသား Baher Mohamed တို့ နှစ်ဦးကို အီဂျစ်တရားရုံးက စနေနေ့ အစောပိုင်းမှာ ပြစ်ဒဏ် စီရင်လိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ် ဦးစလုံးကို ထောင်ဒဏ် ၃ နှစ်နဲ့ ၃ နှစ်ခွဲ အသီးသီး ချမှတ်လိုက်တာဖြစ်ပြီး စီရင်ချက် ချပြီးပြီးချင်းမှာပဲ ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပါတယ်။

သူတို့ ၂ ဦးစလုံးကို အစောပိုင်းကတည်းက စီရင်ချက် ချခဲ့ပြီး ထောင်ဒဏ် ၁ နှစ်စီ ကျခံခဲ့ပြီးမှ ဖေဖော်ဝါရီလတုန်းက အာမခံနဲ့ ပြန်လွှတ် ပေးခဲ့တာ ဖြစ်ပါတယ်။ တတိယလူဖြစ်တဲ့ Peter Greste ကတော့ သူတို့နဲ့အတူ တနှစ် ထောင်ချခံရပြီးမှ အာမခံနဲ့ ပြန်လွတ်လာပြီးတဲ့နောက် သြစတေးလျနိုင်ငံကို ပြည်နှင်ဒဏ် ပေးလိုက်တာ ဖြစ်ပါတယ်။ သူ့ကိုလည်း စနေနေ့က ထောင်ဒဏ် ၃ နှစ် မျက်ကွယ် စီရင်ချက်ချလိုက်ပါတယ်။

သူတို့ကို အခုလို စီရင်ချက်ချက်လိုက်တဲ့အပေါ် ကန့်ကွက် ရှုတ်ချပြီး ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့ တောင်းဆိုသူတွေထဲ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတေးလျနဲ့ ဗြိတိန်နိုင်ငံတို့က အရာရှိတွေ၊ အထင်ကရ သတင်းထောက်တွေနဲ့ al-Jazeera သတင်းဌာနတို့ ပါဝင်ပါတယ်။

ဒီ ပြစ်ဒဏ် စီရင်ချက်ဟာ သတင်းလွတ်လပ်ခွင့်ကို စော်ကားရာရောက်တဲ့အတွက် စီရင်ချက်အပေါ် အယူခံဝင်သွားမယ်လို့ al-Jazeera သတင်းဌာနက ပြောပါတယ်။

XS
SM
MD
LG