သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
တပ်တွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲ အီဂျစ်မီဒီယာ ချီးကျူး
နောက်ဆုံးရသတင်း

တပ်တွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲ အီဂျစ်မီဒီယာ ချီးကျူး


Tufanın fəsadları - Filippin, 8 noyabr, 2013<br />
<br />
Tufanın fəsadları - Filippin, 8 noyabr, 2013<br /> <br />
အီဂျစ်နိုင်ငံမှာ သမ္မတ Mohamed Morsi က တစ်ခါက တအား တန်ခိုးထွားခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးကို ရာထူးကဖြုတ်ပစ်ပြီးတော့ စစ်တပ်ရဲ့ အာဏာကို တခန်းရပ်ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ လုံး၀ ပြောင်းလဲရေး အသွင်သဏ္ဍန် ဆောင်တယ်လို့ အီဂျစ်မီဒီယာ အသင်းအဖွဲ့တွေက ချီးကျူးပြောဆိုနေကြပါတယ်။ မစ္စတာမော်စီဟာ ကာကွယ်ရေးဝန်ကြီး Hussein Tantawi နဲ့ လက်နက်ကိုင်တပ်များရဲ့ စစ်ဦးစီးချုပ် Sami Enan တို့ကို ရာထူးကနေ အနားပေးလိုက်တာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး တန်တာဝီဟာ သမ္မတဟောင်း Hosni Mubarak ရဲ့ အာဏာကို လွှဲယူခဲ့သူ ဖြစ်ပါတယ်။ မစ္စတာတန်တာဝီ နဲ့ တခြား စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိတွေ စစ်ကောင်စီနဲ့ သြဇာအာဏာမြင့်မားစေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကြေငြာချက်ကိုလည်း သမ္မတမော်စီက ပယ်ဖျက်လိုက်ပါတယ်။

မစ္စတာမော်စီက သူ အစိုးရအဖွဲ့အစည်းတွေကို အရှက်ခွဲဖို့ မဟုတ်ပါဘူး အီဂျစ်နိုင်ငံတော်ကြီးနဲ့ တိုင်းသူပြည်သား တွေရဲ့ အကျိုးစီးပွား အတွက် အခုလိုမျိုး လုပ်ဆောင်ရတာဖြစ်ပါတယ်လို့ ပြောပါတယ်။ စစ်တပ်ကတော့ သမ္မတရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့ လူသိရှင်ကြား တုန့်ပြန်တာမရှိပါဘူး။

အမေရိကန်သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကတော့ အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲ ရှေ့ဆက် အကောင်အထည် ဖော်နိုင်အောင်လို့ အီဂျစ်အရပ်သားနဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ လက်တွဲပြီးတော့ လုပ်ဆောင်ကြရလိမ့်မယ်လို့ အလေးပေးပြီးတော့ ပြောကြားသွားခဲ့ပါတယ်ရှင်။
XS
SM
MD
LG